EP-4 U

5.5K 617 9
                                    

ဒါပေါ့... အချစ်မှာအပြစ်မရှိဘူး
ချစ်မိတဲ့သူတိုင်းမှာသာ အပြစ်ရှိတာ........

----------------

ကျွန်တော် သူ့ဘေးရှိလာတာ ရက်ပေါင်း၃၀ ။

တစ်ဖြေးဖြေးနဲ့ နေသားကျလာပေမယ့်..... အတိတ်က ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တောလဲမစဉ်းစားတော့သလို...သူလဲ ဘာအကြောင်းကိုမှ မပြောပြခဲ့ ။

ကျွန်တော်တို့နှစ်ယောက်လုံးက လက်ရှိအချိန်ကိုသာ ကြိုးစားပြီးနေနေကြတဲ့... သူတွေနဲ့တူတယ် ။

တစ်ခါတစ်လေ ကျွန်တော့်ကိုငေးနေတဲ့ သူ့မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကိုတော့ မခန့်မှန်းနိုင်ပေမယ့်....

သိလာတာတစ်ခုက သူ ကျွန်တော့လက်တွေကို နမ်းရတာသဘောကျပြီး... မကြားတကြားတိုးတိုးလေး ဖြစ်ဖြစ်.ကွ..ျန်တော်အိပ်သွားပြီးအထင်နဲ့ဖြစ်ဖြစ် ချစ်လိုက်တာ ဆိုတဲ့စကားကိုတော့ ညတွေတိုင်းပြောလာခဲ့တာပင် ။

အခန်းခွဲအိပ်တယ်လို့ ထင်နေခဲ့တဲ့ကျွန်တော့အတွေးက အမှန်တော့မဟုတ်ခဲ့ပါ ။

ကျွန်တော် အိပ်ပြီးဆိုမှ အခန်းထဲကထွက်သွားတက်ပြီး
.... ၁နာရီ၂နာရီလောက်မှ အခန်းထဲပြန်ဝင်လာတက်သည် ။ ပြီးရင် ကျွန်တော်အိပ်နေတဲ့ ကုတင်စွန်းမှာထိုင်ရင်း... အိပ်နေတဲ့ကျွန်တော့်ကို အချိန်အတော်ကြာ ကြည့်ပြီးမှ အိပ်ရာဝင်တယ် ။

သေချာတာ တစ်ခုက အခုထိ ကျွန်တော့ကိုယ်ပေါ် သူ့ဖက်တွယ်မှုမရှိခဲ့သေးသလို....ကျွန်တော့်ကို မျက်နှာချင်းဆိုင်ပြီး အိပ်စက်မှုလဲမရှိသေးပါ ။

--------------

" ကော မြန်မြန်လုပ်နော်.... ကိုယ် အောက်မှာစောင့်နေမယ် "

" အင်း "

ရေချိုးခန်းအပြင်က အော်သံကြားမှ.... ဒီနေ့ဆေးရုံသွားမယ် ပြောထားတာကိုသတိရသည် ။

ခပ်သွက်သွက်လုပ်ပြီး အဝတ်အစားလဲလိုက်သည် ။ အိမ်ထဲမှာနေပြီး စားလိုက်အိပ်လိုက်လုပ်နေတာမို့ အသားတွေပိုဖြူ လာပြီး....ပါးနှစ်ဖက်လဲ ဖောင်းလာသည်။
ဘာမှမလုပ်ရတာမို့ အပျင်းကြီးရောဂါလဲဆွဲလာနေသလိုပင် ။

My Deepest Love {YIZHAN}Where stories live. Discover now