EP-8 U

4.8K 579 10
                                    

" မင်းကို ပေးထားတဲ့ ဂတိကိုငါတည်ချင်တယ် ရိပေါ် "

Barအတွင်း ဆူညံသံတွေထဲ အစ်ကိုမင်ဟွေ့အသံကိုတော့ ပြတ်သားစွာကြားရတယ် ။

နေ့လည်ဆေးရုံမှာတွေ့ပြီးတည်းက... အစ်ကိုစိတ်တိုနေတာကို ရိပေါ်သိတယ် ။ ဒါက ဘာမှမဟုတ်တဲ့ ကိစ္စဆိုပေမယ့်.... အစ်ကိုအနေနဲ့ သူငယ်ချင်းအတွက် စိတ်ပူစရာဖြစ်နေမယ်ဆိုတာလဲ သူနားလည်တာမို့ ။

" အစ်ကိုပြောချင်တာ ကျွန်တော်နားလည်ပါတယ် "

" မင်းက ရှောင်းကျန့်ပျော်အောင် လုပ်ပေးနိုင်မယ့် တစ်ဦးတည်းသောသူထင်လို့ ငါ စိတ်ချချင်ပေမယ့်....ရှောင်းကျန့် မပျော်တော့တဲ့တစ်နေ့ကြရင် မင်းကိုပေးထားတဲ့ ဂတိကို ငါတည်မှာမဟုတ်ဘူး ရိပေါ် ။ ငါ့သူငယ်ချင်းအတွက် ငါတက်နိုင်တာဘာဖြစ်ဖြစ်လုပ်ပေးမှာပဲ "

" အဲ့လိုနေ့ရှိလာမှာ မဟုတ်လို့ စိတ်မပူပါနဲ့..... အစ်ကိုမင်ဟွေ့ "

" မကြာခင်....သူသတိပြန်ရနိုင်တယ်ဆိုတာရော မင်းသိတယ်မလား "

သောက်လက်စ ဘီယာခွက်ကိုခုံပေါ်ချလိုက်ပြီးမှ... အစ်ကိုမင်ဟွေ့မျက်နှာကို ကြည့်ရတယ် ။ ခါတိုင်းသောက်နေကြ ဘီယာက ဒီတစ်ခါတော့... အရင်ကထက်ပို ပြီးခါတူးနေသလို ။

မေ့ဖျောက်ထားချင်တဲ့ အရာ....လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြတ်ကျော်နေပေမယ့် အစ်ကိုမင်ဟွေ့က အဲ့လိုလုပ်ခွင့်မပေးပါလား ။

" ကျွန်တော် နက်ဖြန်ခရီး ထွက်စရာရှိသေးလို့ အရင်ပြန်ခွင့်ပြုပါ "

အစ်ကို ဆက်ပြောလာမယ့် အရာတွေကို ရိပေါ်သိတာမို့ ရှောင်ပြီးထွက်လာခဲ့မိသည် ။ သူ့အတွက်တော့ လက်ရှိအချိန်ရဲ့ တစ်စက္ကန့်ဘဲ ဖြစ်ဖြစ်တန်ဖိုးရှိလွန်းတယ် ။

အတိတ်ကို ပြန်တွေးပြီး မရှင်သန်ချင်သလို....အနာဂတ်ကိုလဲ မှန်းဆပြီး မရှင်သန်ချင်ဘူး ။ ရှိနေတဲ့ အချိန်လေးမှာ ကျွန်တော်တို့အကောင်းဆုံး ဖြတ်သန်းနေရင်ရပြီးမလား ။ ကောသာသူ့ဘေးနား ရှိရင် အရာရာပြည့်စုံနေပြီးမို့ အခုလက်ရှိအချိန်လေးကို ရိပေါ် တန်ဖိုးထားတယ်။
.
.
.
.
.
.

My Deepest Love {YIZHAN}Donde viven las historias. Descúbrelo ahora