EP-16 U

4.7K 423 26
                                    

မင်းတစ်သက်စာ
ကြည်လင်ပျော်ရွှင်ပါစေ
ကိုယ်ကရပါတယ်
ကျန်ရစ်ငေးကြည့်ခြင်းမှာ
အရမ်းကိုအသားကျနေလို့ ။

စစ်ငြိမ်း

-----------------

"ကောကော တော်တော့လို့ မလုပ်နဲ့တော့......ကော ကျွန်တော့ကို ကြည့်အုံးလေ ရှောင်းကျန့် !'

လေသံမာလိုက် ပျော့သွားလိုက် အခေါ်အဝေါ်တွေပါ ပြောင်းသွားသည့်တိုင် သူ့ရှေ့က လူကတော့ အသိမကပ်လာ ။

အခန်းထဲ တွေ့သမျှ ပစ္စည်းတိုင်းကို ကိုင်ပေါက်ရိုက်ခွဲပြီး စိတ်ကြိုက်သောင်းကျန်းနေသူကို အခန်းပြင်ကနေသာ လှမ်းအော်နေရသည် ။

အတင်းဖမ်းချုပ်ပြီး ရပ်ခိုင်းလို့ရပေမယ့် ကော နာကျင်သွားမှာကို သူ တစ်စိုးတစ်စိမှ မလိုလား ။

လက်ဖျားလေးခြစ်ရာထင်လို့ နာကျင်သွားရင်တောင် ပူပန်နေတက်တဲ့ ကျွန်တော့်ကို ကောကတော့ ဒီလိုခြိမ်းခြောက်တက်လာသည် ။

မှန်တင်ခုံက ပုလင်းတွေကို ကြမ်းပြင်ပေါ် အကြမ်းပတမ်း ပြစ်ချရင်း ကျကွဲနေတဲ့ ဖန်ပုလင်းစတွေပေါ် ခြေထောက်ဖြင့် ထိုးနင်းလိုက်သူ........

ကျွန်တော့အသား နာတာထက် ကော ပိုနာကျင်ရင် ကျွန်တော် သေ သွားနိုင်တယ်ဆိုတဲ့ ကျွန်တော့ရဲ့ အားနည်းချက်ကို သိရဲ့နဲ့ဗျာ ။

" ကော ! ရပ်နေ ကျွန်တော်လာခဲ့မယ် အောက်ကိုငုံ့မကြည့်နဲ့ သွေးတွေနဲ့လေ ငြိမ်ငြိမ်လေးနေနော် "

အားပျော့နေသည့် ခန္ဓာကိုယ်က လေတစ်ချက်အတိုက်မှာတောင် လဲပြို ကျသွားနိုင်သည် ။

" ဘာ ဘာဖြစ်တာလဲ ရိပေါ် "

ကော သောင်းကျန်းနေတည်းက ဦးလေးက ဖုန်းဆက်ခေါ်လိုက်သည်ထင်... ဂျူ တီကုတ်တောင်မလဲနိုင်ဘဲ အပြေးရောက်လာတဲ့ အစ်ကိုမင်ဟွေ့ကြောင့် ရိပေါ် နည်းနည်းတော့ စိတ်သက်သာရာရသွားသည် ။ ကော က ဒီအချိန်မှာ ကျွန်တော်ကလွဲရင် ကျန်တဲ့သူတွေစကားတော့နားထောင်မှာပါ ။

" ကျွန်တော်လဲ အလုပ်ကခုမှရောက်တာ.... မနေ့ကထိ ငြိမ်နေပြီးမှ ဒီနေ့ပြန်သောင်းကျန်းတာ "

My Deepest Love {YIZHAN}Where stories live. Discover now