Ending Part-2 U

6.4K 484 40
                                    

( သတိထားမိလားဆိုတာ အရင်အပိုင်းမှာ The end / ပြီးပါပြီးလို့ ကိုယ်မရေးခဲ့ရသေးပါဘူးလို့)
.
.
.
.
.
.
.
.
.
.
၁နှစ်ကြာပြီးနောက်

တင်း......တောင်.....တင်း.....တောင်

လကုန်ပိတ်ရက်ဖြစ်လို့ အိပ်ရာထဲကွေးနေချင်သောလဲ
အိမ်ရှေ့က ဘဲလ်သံကြောင့် ထရတော့သည် ။

မျက်စိနှစ်ဖက်မပွင့်ဘဲ တံခါးထိလျှောက်လာရင်း လက်လေးတစ်ဖက်သာ ထုတ်ပြီး လက်မှတ်ထိုးလိုက်တယ် ။

လုံးဝကို ကျင့်သားရနေပြီးဖြစ်တယ် ။ တစ်နှစ်လုံးလုံး ဒီလိုအချိန်ဆို ရောက်လာနေကြမို့ Delivery လို့မပြောလဲ စာရွက်ကိုမကြည့်လဲဘဲ ရှောင်းကျန့် လက်မှတ်ထိုးနိုင်တယ် ။

တစ်ချက်သန်းဝေလိုက်ရင်း မျက်လုံးကိုပွင့်အောင်လုပ်ရတယ် ။ ပြီးမှ တံခါးကိုဖွင့်လိုက်ပြီး ပစ္စည်းတွေကို ကောက်ယူလိုက်တယ် ။

" လာပြန်ပြီး နှင်းဆီပန်းနဲ့ ခြင်္သေ့ရုပ် ။ ငါ့ကို မိန်းမနဲ့ကလေးစပ်ထားတယ်လို့ ထင်နေတာလား ဒီကောင် ။ ရား! "

ဒီတစ်ခါတော့ တကယ်ကို စိတ်တိုလေပြီး ။ တစ်နှစ်လုံးလုံး လတိုင်းပို့ခဲ့တဲ့ နှင်းဆီပန်းစည်းတွေနဲ့ ခြင်္သေ့ရုပ်တွေ ။

စစရတဲ့ နေ့ကလို ရိုမန့်တစ်တွေလဲ ဖြစ်မနေတော့ ။
နှင်းဆီပန်း ၃၆၅ပွင့်ရဲ့ အဓိပ္ပါယ်ကို သိပေမယ့် သူ့အခန်းထဲမှာ နှင်းဆီပန်းခြောက်တွေနဲ့ အမှိုက်ပုံကြီး ဖြစ်နေလေပြီး ။ ပစ်လိုက်ဖို့ကိုလဲ နှမြောနေတာမို့ အကုန်လုံးအခန်းထဲထည့်ထားခြင်းဖြစ်တယ် ။

ခြင်္သေရုပ်ကတော့ တစ်လတစ်ရုပ်မို့ အခုဆို ၁၂ကောင် ။ လူတစ်ရပ်လောက်ရှိတဲ့ အရုပ်တွေနဲ့ သူဘာလုပ်ရမှာလဲ ။ အလုပ်ကိစ္စနဲ့ အိမ်လာတဲ့သူတွေတောင် သူ့အိပ်ခန်းက အရုပ်တွေကိုကြည့်ပြီး ရူးနေလားလို့ မေးခံထိသွားသေးသည် ။

ဝမ်ရိပေါ်!  ။ မင်း လွန်သွားပြီး!

ပြောသာပြောပေမယ့် ပန်းစည်နေရာပန်းစည်းထား ။ အရုပ်ကို ကုတင်ပေါ်တင်ပြီး စာအိတ်လေးကို ထုတ်ယူပြီး စားပွဲပေါ်တင်ပြီးနောက် ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်တယ် ။

My Deepest Love {YIZHAN}Nơi câu chuyện tồn tại. Hãy khám phá bây giờ