EP-9 U

4.7K 527 10
                                    

° YOU ARE MY EVERYTHING °

ကုတင်ပေါ်ရှိနေတဲ့ ပါဆယ်ပုံးကို ထိုင်ကြည့်နေသည်မှာတော်တော်ကြာနေပြီးဖြစ်သည် ။ သူတကယ်ဘဲ လိုက်လို့ဖြစ်ရဲ့လားဆိုတာလဲ မစဉ်းစားတက်ပေ ။

ဒီည ရှဲလီတို့သားအဖနဲ့ ညစာတူတူစားရအောင် လို့ပြောလာပြီး ဝတ်ရမယ့်အဝတ်အစားကိုပါ ရိပေါ်ပို့လိုက်ခြင်းဖြစ်သည် ။ အခုချိန်တစ်ခါမှ မဝတ်ဖူးတဲ့ Suit ကိုကြည့်ရင်း စိတ်အိုက်နေတာတော့ အမှန်ပင် ။

ရိပေါ်ပြန်လာမှ သွားသင့်မသွားသင့်မေးတော့မည်ဟု စဉ်းစားပြီး အဝတ်ပုံးကို ဒီတိုင်းထားထားလိုက်သည် ။
.
.
.
.
.

" ကော ရေချိုးပြီးပြီးမလား အဝတ်လဲနှင့်တော့လေ..ကိုယ် ရေချိုးအုံးမယ်နော် "

လိုက်မည်ဟုတစ်ထစ်ချယုံကြည်ထားသူကို ငြင်းရမှာလဲအားနာနေသည် ။

" ရိ....ပေါ် "

ရေချိုးခန်းထဲဝင်တော့ဆဲဆဲမှ ကျွန်တော့ခေါ်သံကြောင့် လှည့်ကြည့်လာသည် ။

ထို့နောက် သူ့အနားကိုလျှောက်သွားလိုက်ပြီး...

" ငါ လိုက်လို့ဖြစ်ရဲ့လား....မင်းအတွက်အနှောက်အယှက်မဖြစ်ဘူးလား "

" ကိုယ်က ကောကိုပွဲထုတ်ချင်တာလေ.... ညစာစားရုံပါပဲ ကောရ အဆင်ပြေတယ်မလားဟင် "

" မင်းအဆင်ပြေတယ်ဆို ငါလိုက်ပါ့မယ် "

" အဝတ်အစားလဲနှင့်တော့နော် "

ရှောင်းကျန့် ခေါင်းညိမ့်ပြရင်းသာ.....သွားဖို့အတွက်ပြင်ရတော့သည် ။

အိမ်ကထွက်လာတည်းက ကားမောင်းနေရင်း ရှောင်းကျန့်ကို လှည့်လှည့်ကြည့်ပြီး ပြုံးနေတာကြောင့်.....

" ဘာလဲ ငါနဲ့မလိုက်ဘူးလား "

" မဟုတ်ပါဘူး ကောနဲ့ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးလို့ "

" အရင်ကရော ငါဒါမျိုးမဝတ်ဘူးလား "

" ဟမ်... အဲ့ဒါက အင်း... ကော ဒီလိုမျိုးမဝတ်ဘူး "

" အဲ့တာကြောင့်ဖြစ်မယ်... ဒါဝတ်ရတာသက်သောင့်သက်သာမရှိဘူး "

ထို့နောက် မီနစ်၃၀လောက် ဆက်မောင်းလာပြီး Hotel ရှေ့ကို ရောက်လာကြသည် ။

My Deepest Love {YIZHAN}Where stories live. Discover now