EP-3 U

5.8K 708 8
                                    

တကယ်ပါ
မင်းနဲ့မှ ချစ်တက်ခဲ့တာ ......

---------------

ဒီနေ့ မနက်ခင်း နိုးထမှုမှာလဲ... ရှောင်းကျန့်တစ်ယောက်ထဲပင် ။ ဘေးနားမှာတော့ လူတစ်ယောက်အိပ်စက်သွားသည်ဟု... မထင်ရလောက်အောင် အိပ်ရာခင်းမှာ တွန့်ကြေ နေခြင်းအလျဉ်းတောင်ရှိမနေ ။ ခေါင်းအုံးလဲသပ်သပ်ရပ်ရပ်ရှိနေပြီး.... တစ်ထည်တည်းသော စောင်ကလဲ သူ့ကိုယ်ပေါ်မှာသာ ။

ညဘက်ဆို အိပ်နှင့်လို့ပြောပြီးတာနဲ့ အခန်းပြင်ထွက်သွားတက်ပြီး... မနက်ဆိုရင်တော့ ရေချိုးခန်းထဲက ထွက်လာတက်တာမို့ နည်းနည်းတော့စဉ်းစားစရာဖြစ်လာတယ် ။ အခန်းခွဲအိပ်တာလား ။ ဒီလိုဆိုရင်တော့ ဒီလူမဆိုးဘူးလို့ဆိုရမယ် ။ အသားမယူဘဲ လူကြီးလူကောင်းဆန်တယ်လေ ။ သူ့လက်ကို စွတ်ဆက်ဆွဲနမ်းတာလေးတစ်ခုတော့ မလုပ်ရင်ပေါ့ ။

ဘေစင်က သွားတိုက်ဆေးထည့်ပြီးသား သွားတိုက်တံရယ်.... ခုံပေါ်က အဆင်သင့်ယူထားပေးတဲ့ အဝတ်အစားကြောင့် ခေါင်းကိုဖြေးဖြေးခါရမ်းလိုက်မိတယ် ။ တကယ်က်ိုအကုန်လုံးလိုက်လုပ်ပေးနေတော့တာဘဲ ။

သူ့ကိုမမှတ်မိတဲ့ လူတစ်ယောက်ကို... နည်းနည်းလေးတောင် စိတ်မပျက်မိဘူးလား ။

ကိုယ်လက်သန့်စင်ပြီးတာနှင့် အောက်ထပ်ဆင်းလာတော့ ၉နာရီကျော်နေပြီးမို့..... ဗိုက်ရဲ့အချက်ပြမှုကြောင့်
ထမင်းစားဆောင်ထဲ ဝင်လာလိုက်သည် ။

" နိုးပြီးလား "

Suit အပြည့် နဲ့အေပရွန်က.... လိုက်ဖက်တဲ့တွဲစပ်မှုမဟုတ်ပေမယ့် ရုပ်ခံလေးရှိနေတော့လဲ ဘာလုပ်လုပ်ကြည့်လို့ကောင်းနေတော့တာပဲ ။

မုန့်ပန်းကန်ကို ခုံမှာချရင်း.... အနားရောက်လာပြီး လက်တစ်ဖက်ကို လာဆွဲသည် ။ လူကြီးလူကောင်းဆန်တယ်လို့ ချီးကျူ းလို့မှမဆုံးသေး ။

ကျွန်တော့လက်ဖဝါးနှစ်ဖက်က... သူ့လက်ထဲရောက်သွားရင် အလိုလိုပျောက်သွားတက်တယ် ။ ဘယ်လောက်မှ မကွာတဲ့ ခန္ဓာကိုယ်အနေအထားချင်းတူတူ... ကျွန်တော့လက်ကတော့ သူ့ထက်ပိုသေးနေလေတယ် ။

" ထိုင်.....ကိုယ် အခုဘဲ လာနှိုးတော့မလို့ ။ ဒီနေ့ ခေါင်းမကိုက်ဘူးမလား ၊နေလို့ကောင်းတယ်မလား "

My Deepest Love {YIZHAN}Hikayelerin yaşadığı yer. Şimdi keşfedin