EP-2 U

7.3K 702 8
                                    

ကံကြမ္မာက ဒီလိုဖြစ်စေဖို့
ဖန်တီးခဲ့တယ် ဆိုရင်တောင်
ချစ်ခွင့်ရတာလေး တစ်ခုနဲ့တင်
ကျေနပ်လိုက်ပါတယ်.......

----------------

အခန်းထဲဝင်လာတဲ့ အလင်းရောင်စူးစူးက မျက်နှာနုနုလေးပေါ် ဖြာကျလာသည် ။

ရင်ခွင်ထဲ အပြည့်အဝနေရာယူထားသည့်... ဖက်ခေါင်းအုံးကို ပိုတိုးလို့ဖက်ရင်း ခန္ဓာကိုယ်ကို အနည်းငယ်ရွေ့လိုက်သည် ။ ဆက်အိပ်ချင်နေသေးသောလဲ... အသိစိတ်က ထရတော့မည်ဖြစ်၍ မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်ရသည် ။

ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ရင်း... အခန်းထဲကြည့်နေရင်းမှ ညက ဟိုတစ်ယောက်လာမအိပ်ဘူးလားလို့ စဉ်းစားမိသွားသည် ။

ဆေးရုံမှာ နေရသည့်ရက်၂၀လုံးလုံး ရှောင်းကျန့်ဘေးနား တွေ့ရသူက... ထိုသူ့တစ်ယောက်ထဲသာ ။

သတိမေ့နေတဲ့ရက်တွေတုန်းကလဲ.... သူ့အနားကတစ်ဖဝါးမှမခွာဘူးလို့ နာစ့်မတစ်ချို့ရဲ့... အားကျသလိုအပြောတွေကြောင့် သူပြန်သိခဲ့ရသည် ။

အမှန်တော့.... မျက်လုံးနှစ်ဖက်ပွင့်လို့ ပထမဆုံးတွေ့ရသည့်... ထိုလူကို သူမသိပါ ။ ထိုလူတင်မဟုတ် ကိုယ့်နာမည်ကိုတောင် မမှတ်မိပေ ။ ထိုလူကဘဲ သူ့နာမည်က ရှောင်းကျန့်ဖြစ်ပြီး....သူကိုယ်သူ ရှောင်းကျန့်ရဲ့ အမျိုးသားပါလို့ မိတ်ဆက်ပေးခဲ့သည် ။

car accident ဖြစ်ရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ကို ထိပြီး.... retrograde amnesia ဆိုတဲ့ ရောဂါကို ခံစားရခြင်း ဖြစ်သည် ။ မူလဖြစ်နေတဲ့ အရာတွေကို မှတ်မိနိုင်ပေမယ့်... car accident မဖြစ်ခင်အဖြစ်အပျက်တွေကို မှတ်မိတော့မှာမဟုတ်ဘူးလို့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဆိုတဲ့သူက ရှင်းပြပေးပြန်သည် ။

ဒေါက်တာ တစ်ယောက်နဲ့တောင် ခင်မင်နေတဲ့ သူ့ဖြစ်တည်မှုက... ဘယ်လိုမျိုးလဲဆိုတာ အံ့သြရသည် ။ ပိုအံ့သြစရာက ယောကျာ်းလေးတစ်ယောက်နဲ့ လက်ထပ်မိထားခြင်းပင် ။ ထိုသူကလဲ သူ့ထက်ငယ်ရွယ်ပြီး ချမ်းသာလွန်းတဲ့သူတစ်ယောက်။ မင်းသားတွေနဲ့တောင် ယှဉ်လို့ရတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့သူက.... သူ့လက်ကိုတွဲပြီး အိမ်ပေါ်မှာတောင် တင်ထားပြီးဖြစ်သည် ။

My Deepest Love {YIZHAN}Where stories live. Discover now