Extra-2 U

4.5K 371 9
                                    

ဆိုင်ရှေ့ ကားရပ်သံကြားတာနဲ့ ရှောင်းကျန့် မှာစရာရှိတာ မှာပြီးဆိုင်ကနေ ထွက်လာခဲ့လိုက်တယ် ။

ဆိုင်ထဲကထွက်လာတဲ့သူ့ကိုတွေ့တာနဲ့ ကားတံခါးအပြေးဖွင့်ပေးတော့ ထုံစံအတိုင်း နှုတ်ခမ်းကိုတစ်ချက်နမ်းပြီးမှ ကားထဲပြန်ဝင်တယ် ။

ခါးပတ်ပတ်ပေး ၊ သီချင်းသံတိုးတိုးဖွင့်ပြီး ကားမှန်ကိုအလိုက်တသိချပေးပြီးမှ အိမ်ရှိရာသို့ဦးတည်တော့သည် ။

ဘေကျင်းမြို့ရဲ့ လမ်းမီးရောင်စုံတွေနဲ့ သွားလာနေကြတဲ့ လူတွေကိုကြည့်ပြီး ရှောင်းကျန့်အတွေးတို့က အတိတ်ကိုပြန်ရောက်သွားလေသည် ။

ရှောင်းကျန့် ဘေကျင်းကိုပြန်လာတာ သုံးလကျော်နေလေပြီ ။ ရိပေါ်ရောက်လာပြီး တစ်ပတ်အတွင်း သင်တန်းကိစ္စအပြီးဖြတ်ပြီးတာနဲ့ သူတို့ ဘေကျင်းကိုပြန်လာခဲ့ကြတယ် ။ နယ်သာလန်မှာ အနာဂတ်ကိုတိုင်ပင်ခဲ့ကြသလိုမျိုး... ရိပေါ်က company အလုပ်တွေနဲ့လုံးပန်းပြီး ၊ ရှောင်းကျန့်ကတော့ ခေါက်ဆွဲဆိုင်ဖွင့်ထားတယ် ။ တူတူနေဖို့ခေါ်မရသော အဒေါ့်ဆီတစ်လတစ်ခါ သွားလည်ကြပြီး ၊ ရယ်အယ့်ဆီလဲ သူတို့နှစ်ယောက်မကြာခဏ သွားဖြစ်ကြတယ် ။

အတွေးတွေထဲ မြောနေတုန်း... လက်တစ်ဖက်ကိုဆွဲယူလာတာမို့ suit အပြည့်နဲ့ခန့်နေသူကို လှည့်ကြည့်မိတယ် ။

လုပ်ငန်းကြီးတွေကိုဦးဆောင်နေရသူမို့ ဘယ်လောက်ပင်ပန်းနေပါစေ ရှောင်းကျန့်ရှေ့မှာတော့ ဘာမှမဖြစ်သလိုမျိုး နွေးထွေးတဲ့အပြုံးမျိုးသာ ပြုံးပြတယ် ။ ဒါပေမယ့် သူတို့ကတိထားခဲ့သလိုမျိုး ပင်ပန်းရင်ပင်ပန်းကြောင်း ပြောပြီး တစ်ယောက်အတွက်တစ်ယောက်က အားဖြစ်စေတဲ့အထိ ပွင့်လင်းလာခဲ့ပြီးဖြစ်တယ် ။

အမြဲလိုလိုဆုပ်ကိုင်လိုက်တိုင်း သူ့လက်ဖဝါးတွေထဲကွယ်ပျောက်သွားတက်တဲ့ ရှောင်းကျန့်လက်က အနွေးဓာတ်အပြည့်ရနေသည် ။

ကားကိုအာရုံစိုက်ရင်း သူ့ကိုကြည့်နေတာကိုလဲ အာရုံခံစားမိသည်ထင်... ဆိုင်ကိုင်ထားတဲ့ ရှောင်းကျန့်လက်တစ်ဖက်ကို နှုတ်ခမ်းတွေနဲ့ ဖိကပ်လိုက်ပြီး....

My Deepest Love {YIZHAN}Where stories live. Discover now