EP-7 U

4.7K 544 12
                                    

ဒီနေ့ မနက်ခင်းရဲ့ မနက်စာထမင်းဝိုင်းက အရင်ကလိုမဟုတ် ။ စနောက်သံ...မေးသမျှ ဖြေပေးနေတဲ့စကားသံတွေညံနေကြ ထမင်းဝိုင်းက အခုတော့ လူသုံးယောက်တည်ရှိနေမှုဖြင့် တိတ်ဆိတ်မှုကြီးက ကြီးဆိုးနေသည် ။

မဖိတ်ဘဲရောက်လာတဲ့... ဧည့်သည်ကို ရှောင်းကျန့်လဲ ဘာမျှပြောမနေပဲ မုန့်စားရင်းနဲ့သာ အကဲခတ်နေမိသည် ။ ရိပေါ်ကတော့ မျက်နှာတည်နှင့်သာ ရှောင်းကျန့်လိုတာထည့်ပေးနေရင်း.... ဘေးလူကိုလဲ စကားအလိုက်အထိုက်ပြောပေးနေတယ် ။

ဘယ်လိုပဲ ခင်စေအုံးတော့... မနက်အစောကြီး သူစိမ်းအိမ်ကို အေးအေးလူလူဝင်ထွက်နေတာတော့ အလုပ်မဟုတ်သေးဘူးလို့ထင်တယ် ။ ရောက်လာလဲ.... ရိပေါ်ဘေးရှိနေတဲ့ ရှောင်းကျန့်ကို ရှိနေမှန်းတောင် သတိထားမိမယ့်ပုံမပေါ် ။ ဒါတောင် ဟိုက အဖက်မလုပ်လို့ပေ ။ အဖက်များသာ လုပ်ရင် ရိပေါ်ပေါင်ပေါ်တောင် တက်ထိုင်နေလောက်တယ် ။

စိတ်ထဲက ကြည့်မရလို့ထင်... မုန့်စားနေရင်းနဲ့မှ အကြည့်စူးစူးနဲ့ ကြည့်ပေးလိုက်သေးသည် ။အကြောင်းပြချက်မရှိဘဲနဲ့တော့.... သူလူတစ်ယောက်ကိုအချောင်တိုက်ကြီး ကြည့်မရမဖြစ်နေလောက်ပါဘူး ။

ရိပေါ်စားနေကျမုန့်ကို သူ့ပန်းကန်ထဲထည့်ပေးဖို့လုပ်နေရင်းမှ.....ရှဲလီရဲ့ ဝမ်လို့ခေါ်သံကြားလိုက်တာနဲ့ ကိုယ့်ပါးစပ်ထဲကိုယ်သာ ကောက်ထည့်လိုက်သည် ။

ဝမ်ရိပေါ်လဲ အချိုးမပြေဘူး ။

" ဝမ် ဒီတစ်ခေါက်လုပ်ငန်းမှာ ဒယ်ဒီ့ကိုအကူအညီတောင်းထားတာလား "

" အင်း မြှပ်နှံငွေနဲ့ အန်ကယ့် company သာပူပေါင်းပေးမယ်ဆို.... တစ်ခြားလူတွေလဲ ယုံယုံကြည်ကြည်နဲ့ဝင်လာကြမှာဆိုတော့ ။ ဒီတစ်ခေါက် project ကို မြန်မြန်ပြီးစေချင်တာနဲ့ အကူအညီတောင်းလိုက်တာ "

" ဒယ်ဒီက ကူညီမယ်တဲ့လား "

" စဉ်းစားအုံးမယ်ပြောတယ် "

ရှဲလီကို စကားပြောနေရင်းမှ စားပွဲအလယ်နားလောက်မှာရှိနေတဲ့ မုန့်ပန်းကန်ကို ကြည့်နေတဲ့ ကျွန်တော့ကို ဘယ်လိုသတိထားမိသွားလဲတော့ မသိ... ထိုင်နေရာမှ ထယူပေးသည် ။

My Deepest Love {YIZHAN}Where stories live. Discover now