EP-10 U

4.8K 497 3
                                    

ဒီနေ့ ရာသီဥတုက သာယာတယ် ။

အိပ်ခန်းထဲ ဝင်လာတဲ့ နေရောင်ခြည်က နွေးထွေးပေမယ့် ဝမ်ရိပေါ်ရင်ခွင်ကိုတော့ မမှီပေ ။

စောင်ကို ဖယ်ထုတ်ရင်း ထိုနွေးထွေးတဲ့နေရာဆီ ပိုတိုးဝင်မိသည် ။ လက်တစ်ဖက်ကို ခါးမှာချိတ်တွယ်ထားရင် နောက်တစ်ဖက်ကတော့ အကျီင်္ ကောလံစလေးကို ဆုပ်ကိုင်ထားတယ် ။

တစ်ချက်တစ်ချက် ခေါင်းလေးကို တိုးဝှေ့လိုက်ရင် သူက အလိုက်သင့်ကျောပြင်ကို ဆွဲယူပြီး နီးကပ်အောင်လုပ်ပေးသည်။

ထို့နောက် ရယ်သံသဲ့သဲ့လေးကိုပါ ကြားရမည် ။

နိုးနေပေမယ့် မထသေးဘဲ နှစ်ယောက်သားကုတင်ပေါ်မှာ လှဲနေတာ ကြာပြီးဖြစ်တယ် ။ ရိပေါ် အလုပ်သွားရမည် သိသောလဲ မထရအောင် အတင်းဆွဲထားခြင်းဖြစ်သည် ။

၁၀ကြိမ်မြောက် ဖုန်းခေါ်သံက စားပွဲပေါ်ကနေထွက်ပေါ်လာတယ် ။

ရင်ခွင်ထဲကနေ မော့ကြည့်တော့ ပြုံးပြပြန်သည် ။

" ကိုယ် အလုပ်သွားမှဖြစ်တော့မယ်..... ချန်း စိတ်ဆိုးနေလောက်ပြီး "

၁၁ နာရီဆိုတာက အလုပ်သွားရင်ပြုတ်ခံရနိုင်တဲ့ အချိန်ဆိုပေမယ့်လဲ သူ့ဘေးရှိနေတာက သူဌေးလေ ။ ဘယ်အချိန်ဖြစ်ဖြစ် ထသွားရင် ရတာဘဲမို့ ရှောင်းကျန့်ကတော့ မျက်ခုံးတွေ တွန့်ချိုးရင်း ကြည့်ပေးလိုက်သည် ။

ထိုအခါလဲ ရယ်သံသဲ့သဲ့က ထွက်လာသေးသည် ။

" ၁နာရီ ကြရင် ကိုယ်အရေးကြီး meeting ရှိလို့.... ထရအောင်နော် ကော "

ရှောင်းကျန့် ဘာမျှမပြောတော့ဘဲ ထပေးလိုက်သည် ။

ရိပေါ် ရေချိုးခန်းထဲဝင် အဝတ်စားလဲပြီး ထွက်လာသည်အထိ ရှောင်းကျန့် ကုတင်ပေါ်မှာ ထိုင်နေဆဲပင် ။ အဝတ်အစားလဲပြီး.... စားပွဲပေါ်က ဖုန်းနဲ့အိတ်ကိုပါ ယူနေပြီးမို့ ကုတင်ပေါ်ကနေဆင်းရင် သူ့ဆီကို လျှောက်လာလိုက်တယ် ။

" မျက်နှာသစ်တော့လေ ကိုယ်မနက်စာ တူတူမစားပေးနိုင်တော့ဘူး "

" ရတယ် နေ့လည်ဘဲ ရောက်တော့မယ် "

ရှောင်းကျန့် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးတဲ့အထိတော့ စောင့်နေပေးသေးသည် ။

My Deepest Love {YIZHAN}Where stories live. Discover now