Ending U

6.1K 429 17
                                    

ခင်ဗျားက နာကျင်ရတဲ့
အမှတ်တရလေးဆိုရင်တောင်

ကျွန်တော်က အဲ့ဒီအမှတ်တရလေးကို ရင်ဘက်ထဲ ထည့်ပြီး မြတ်မြတ်နိုးနိုးချစ်ပေးနိုင်တယ် ။

---------------------

အလုပ်တွေလုပ်နေရင် သတိမရလောက်တော့ဘူး ။ ဦးနှောက်ကိုအနားမပေးရင် မစဉ်းစားမိလောက်တော့ဘူး ထင်ခဲ့တယ် ။ တကယ်တော့ သူတစ်စက္ကန့်လေးမှ မေ့မရခဲ့ပါ ။ ရှဲလီကို ပုံမုန်သွားကြည့်ပေးပြီး အလုပ်ကိုလဲအရင်ကထက် နှစ်ဆပိုလုပ်ခဲ့တယ် ။ ကိုယ်မအိပ်ဖြစ်တော့တာကြာပြီး ကော ။ ကောမရှိတဲ့အခန်းထဲ ကိုယ်မဝင်ရဲသေးဘူး ။

ပြန်လာချင်ပါ့မလား မသိတဲ့သူကို စောင့်နေရတာလဲ စိတ်ဒုက္ခတစ်ခုပေမယ့် ကိုယ်ကျေနပ်ပါတယ် ။ ကောပျော်နေမယ်ဆိုရင်ပေါ့ ။

စာရွက်တွေကိုကြည့်ရင်း ထိုးကိုက်လာတဲ့ခေါင်းကို ဖိကိုင်ထားမိတယ် ။ တံခါးခေါက်သံကြောင့် မော့ကြည့်မိတော့ အခန်းထဲဝင်လာသူက ချန်း ။

ချန်း အိမ်မှာနေတာ ၁ပတ်ရှိနေပြီးဖြစ်တယ် ။ သူ့ကို စိတ်ပူတယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီး ဒီကောင်အထုပ်ဆွဲ ပြီးရောက်လာတော့တာပါပဲ ။ ကိုယ်က ကောစိတ်ပူရတဲ့အလုပ် ဘာတစ်ခုမှ မလုပ်ဘူးဆိုတာ ချန်းမှမသိဘဲ ။

" ထမင်းစားရအောင် ဝမ် "

သူ့အနားရောက်လာတိုင်းလဲ ချန်းက ဒီစကားတစ်ခွန်းပဲပြောတယ် ။ ထမင်းစားမယ် ၊ အိမ်မယ်ကို တရပ်စပ်လွှတ်တော့တာ ။ ဒါပေမယ့် ကောစကားလောက်တော့ ကိုယ်နားမထောင်မိဘူး ။

" ခဏနေမှ ။ စားနှင့် ချန်း "

" မင်းကိုယ်မင်းလဲ ပြန်ကြည့်အုံး ဝမ် ။ လူရုပ်ပေါက်ရဲ့လား ။ မအိပ်တဲ့ရက်တွေလဲ များနေပြီး ။ ထမင်းစားပြီးလားမစားပြီးလားဆိုတာလဲ မမှတ်မိဘူး ။ အလုပ်တွေပဲဖိလုပ်ပြီး ၊ မင်းအသိစိတ်ရော ရှိရဲ့လား ဟမ်!  "

" ရှဲလီတို့ဘက်က ဘာပြသနာရှိသေးလဲ "

" ဝမ်!!! "

" ရှယ်ယာတွေအတွက် ပြန်ပေးရမယ့် ပိုက်ဆံစီစဉ်ထားပြီးပြီးလား ချန်း "

" ဝမ် မင်းနည်းနည်းလောက် သတိထားပါအုံး ။ ပင်ပန်းရင် ပင်ပန်းတယ်လို့ပြောပြီး ။ ငိုချင်ရင် ငိုချလိုက် ဝမ် ။ မင်း မြိုသိပ်ထားရင် ဒီထပ်ပိုဆိုးသွားလိမ့်မယ် "

My Deepest Love {YIZHAN}Where stories live. Discover now