Jealous Love 2 U

3.6K 311 14
                                    

နံရံကပ် နာရီရွေ့လျားသံကိုနားထောင်ရင်း စိုးရိမ်စိတ်လဲတိုးလာရသည် ။ ရိပေါ် အရင်ကဒီလိုတစ်ခါမှ မနောက်ကျဖူး ။ ရုံးအပြန် ကိုယ်နောက်ကျမယ် ညစာစားပွဲရှိလို့ ကော ဆိုတဲ့မက်ဆေ့အပြင် ဖုန်းဆက်သွယ်မှုထပ်မရထား ။ အရင်ကလဲ ဒီလိုသွားနေကြမို့ အရေးမထားဖြစ်လိုက်ပေမယ့် ပြန်လာနိုးပြန်လာနိုးနဲ့ စောင့်နေတာ ၁၁နာရီထိုးနေလေပြီ ။

စက်ပိတ်ထားပါသည်ဆိုသော ဖုန်းကိုအကြိမ်၂၀မြောက်ခေါ်အပြီးမှ ချန်းဆီကို ဆက်ဖို့သတိရသည် ။

ရှောင်းကျန့်ခေါ်တော့ ဖုန်းဝင်ပြီးမကြာလိုက် တစ်ဖက်က ပြန်ထူးသံကြောင့် ....

" ချန်း... ရိပေါ်နဲ့တူတူရှိနေလား ။ သူ့ကိုဆက်သွယ်လို့မရလို့ "

" ကျွန်တော်က အခုအိမ်မှာ ။ ရုံးဆင်းချိန် သွားကြတာမို့ ကျွန်တော်မလိုက်လဲဖြစ်တယ်ဆိုလို့ အိမ်ပြန်လာလိုက်တာ ။ သူဌေးပြန်မရောက်သေးဘူးလား "

" ပြန်မရောက်သေးဘူး ။ ပွဲရှိတယ်လို့ပဲ မက်ဆေ့ရထားတယ် ။ အဲ့ဒါ "

" တအားစိတ်မပူပါနဲ့ ။ မဟုတ်လဲ ကျွန်တော်သွားရှာပေးမယ် "

" နေပါစေ ချန်း ။ ခဏနေပြန်ရောက်မယ်ထင်တယ် ။ အလုပ်ရှုပ်အောင်လုပ်မိပြီ "

" ရပါတယ် တအားနောက်ကျရင်တော့ ကျွန်တော့ကိုဖုန်းဆက်လိုက်ပါ ဒါဆို "

ချန်းနဲ့ဖုန်းပြောပြီးတာနဲ့ မီးဖိုချောင်ဘက်လျှောက်လာလိုက်သည် ။ ခြံတံခါးပိတ်ထားပေမယ့် အိမ်ထဲမှာ သူတစ်ယောက်ထဲရှိနေတယ်ဆိုတဲ့ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်နှစ်ခုလုံးက ရှုပ်ထွေးနေသည် ။

ရေခဲရည်တစ်ခွက် မော့သောက်ပြီးတဲ့အထိ သူစိတ်မအေးသေ ။ ခြံထဲဝင်လာမယ့် ကားမီးရောင်ကိုသာမျှော်နေမိသည် ။

ရှဲလီတို့နဲ့များလား တွေးမိပေမယ့် ဆက်သွယ်ဖို့အတွက် ဖုန်းနံပတ်မရှိ ။ အကယ်၍ မဟုတ်ဖူးဆိုရင် လုပ်ငန်းကြီးလုပ်နေတဲ့လူတစ်ယောက်ကို ဒီလောက်လေးတောင် စိတ်မချနိုင်ဘူးလို့ထင်ကြလိမ့်မည် ။

ဖုန်းကိုလက်ထဲကျစ်ကျစ်ပါအောင် ကိုင်ထားပြီး စားပွဲခုံပေါ် ခေါင်းမှောက်အိပ်လိုက်သည် ။

My Deepest Love {YIZHAN}Tahanan ng mga kuwento. Tumuklas ngayon