EP-17 U

5.2K 433 3
                                    

မင်းကို ငါလွှတ်လိုက်တယ်
ငါလွတ်မြောက်ပါစေကွယ် ။

စစ်ငြိမ်း

--------------------

အပြုံးတွေက မှန်ဘောင်လေးထဲမှာတောင် တောက်ပလွန်းနေတယ် ။ အရိုးပြာအိုးဘေးနားမှာ သူ့နဲ့အတူရှိခဲ့တဲ့ပုံ တစ်ပုံမှမထားခဲ့ခြင်းအတွက်တော့ သူစိတ်သက်သာရာရသွားသည် ။

ရာသီတွေ အချိန်တွေဟာလဲ
ပြောင်းလဲနေအုံးမှာပဲ ။

ဝမ်းနည်းစရာတွေပြီးရင်
ပျော်ရွှင်စရာတွေ ကြုံရအုံးမှာပဲ ။

ကံဆိုးမှုတွေပြီးရင်
ကံကောင်းမှုတွေရောက်လာအုံးမှာပဲ ။

အခုတော့ ဒီဘဝအတွက်တော့ ငြိမ်းချမ်းသွားတဲ့သူအတွက် သူဝမ်းမနည်းနေတော့ပါ ။

" အခုမှ လာတွေ့နိုင်လို့ တောင်းပန်ပါတယ် ။ မင်းက သဘောထားပြည့်ဝတဲ့ကောင်မလေးပါ ။ အစ်ကို့ကို စိတ်မဆိုးဘူးမလား ။ ဒါပေမယ့် ဒီလောက်ကြာသွားမှ လာတွေ့နိုင်လို့ တောင်းပန်ပါတယ် ရယ်အယ် "

ဒီကောင်မလေး သူ့ကိုမျှော်နေခဲ့မှာပဲ ။

ဒီလောက်ဆို သူ စိတ်ချလို့ရပါပြီး ။ မကြာမကြာ လာတွေ့ပါ့မယ် ရယ်အယ် ။ မင်းက အစ်ကို့အတွက် ညီမလေးတစ်ယောက်ပါ ။

ရယ်အယ်ဆီက ပြန်လာပြီးနောက် အဒေါ့်ဆီကို သွားဖို့အတွက် မင်ဟွေ့ကပဲ လိုက်ပို့ပေးခဲ့တယ် ။

ဒီနေ့ ရာသီဥတုသာယာနေတယ် ။ မရောက်ဖြစ်တာ ၂လကျော်သွားပေမယ့် ဒီနေရာတွေကိုတော့ မှတ်မိနေဆဲ ။ ကားမှန်တံခါးကို ဖွင့်ပြီး အပြင်က လေကို တစ်ဝကြီးရှူ ရှိက်မိရင်း တစ်စုံတစ်ယောက်ကို သတိရမိပြန်သည် ။ နေ့ရက်တွေတိုင်းကို ထိုလူနဲ့စ....ထိုလူနဲ့သာဆုံးပြီး သူမရှိရင် မဖြစ်တော့တဲ့အထိ ဘဝထဲမှာ နေရာယူသွားခဲ့တဲ့ လူ။

" သူအဆင်ပြေရဲ့လား "

မပွင့်တပွင့်မေးမြန်းလာမှုကြောင့် ကားမောင်းနေတဲ့ မင်ဟွေ့ လှည့်ကြည့်လာသည် ။ အသည်းကွဲနေသူတစ်ယောက်လို ရှောင်းကျန့် မင်ဟွေ့အိမ်မှာ သောင်တင်နေတာ ၂ရက်ပြည့်ခဲ့ပြီးဖြစ်တယ် ။

My Deepest Love {YIZHAN}Where stories live. Discover now