EP-5 U

5.4K 616 11
                                    

နာကျင်ရလဲ ကိုယ်က တစ်သက်လုံး
ကောကို ငေးကြည့်နေအုံးမှာပဲလေ....

-----------------

ဒီနေ့ တစ်မနက်လုံး... ရှောင်းကျန့် တက်ကြွနေလေသည် ။ အကြောင်းကတော့ ညကြအပြင်လိုက်ပို့ပေးမယ် ကော.... ဆိုတဲ့ ရိပေါ်ရဲ့ စကားကြောင့်ပင်။

ဟိုတစ်ရက် ဆေးရုံကပြန်လာပြီးတာနဲ့... ဝမ်ရိပေါ်ဆိုတဲ့လူရဲ့စိတ်ပူမှုကြီးကြောင့် မြေမထိနေမထိဘဲ အိမ်ထဲမှာဘဲနေခဲ့ရသည် ။

သူ့ရှေ့ဆို လက်နာတယ်ဆိုတာကအစ... ရှောင်းကျန့်မပြောရဲတော့ ။ ချက်ချင်း ဆေးရုံကားခေါ်မယ့်သဘောရှိတာမို့ လိမ်လိမ်မာမာနဲ့ ရှောင်းကျန့် အိမ်ထဲမှာဘဲ နေရလေသည် ။

မနေ့ကတော့ အိမ်ပြင်မထွက်ရလို့ မျောက်မှိုင်မှိုင်နေတဲ့ ရှောင်းကျန့်ကို.... သနားသွားလို့ထင် ကော သွားချင်တဲ့နေရာ လိုက်ပို့ပေးမည်ဟု ဆိုလာသည် ။

သဘောကျတဲ့ နေရာတွေကိုတောင်မေ့နေတဲ့... ရှောင်းကျန့်အဖို့ သွားချင်တဲ့နေရာဆိုတာ စဉ်းစားလို့မရအောင်ဖြစ်နေတယ် ။ ဦးလေးကြီးဆီ အပူကပ်ပြီးဘယ်နေရာတွေပျော်ဖို့ကောင်းလဲ.... မေးထားပေမယ့် သူ့သူဌေးလေးသွားတက်သော နေရာတွေကိုသာပြောပြလာသည် ။

Golfရိုက်တာ ၊ မြင်းစီးတာ ၊ ဆိုင်ကယ်စီးတာ ။ ဒါတွေကို သူဘယ်လိုလုပ်ပြီး ။ ဒီတစ်ခါ အတိတ်မေ့ရုံတင်မဟုတ် ဘဝတွေပါမေ့ပြီး..... နတ်ပြည်တွေပါရောက်ကုန်လိမ့်မယ် ။

စာအုပ်ဆိုင်.... ကောဖီဆိုင်သွားမယ်ဆိုတော့လဲ အိမ်မှာရှိတဲ့.... library ခန်းနှင့် ဗီရိုတစ်ခုစာရှိတဲ့ ကောဖီမှုန့်ထုပ်တွေက သူ့ကိုလှောင်ရယ်နေသလို ။

" ဘာလုပ်ရမလဲ....ဘယ်သွားရမလဲ... အား.........."

တွေးမရတော့သည်မို့ စိတ်ညစ်ညစ်နဲ့ပဲ.... ကုတင်ပေါ်မှာ လှိမ့်ပြီးအော်နေသော ရှောင်းကျန့်အော်သံကြောင့်

" အစ်ကိုလေး..... အစ်ကိုလေး ဘာဖြစ်လို့လဲ ဦးလေးဝင်လာရမလား "

My Deepest Love {YIZHAN}Where stories live. Discover now