Extra-1 U

6K 437 22
                                    

နှင်းဆီပန်း ၁၀၀၁ ပွင့် 🌹

ရှောင်းကျန့်ရဲ့ မျက်ဝန်းအိမ်မှမျက်ဆံဟာ အပြင်ထွက်လာလုနီးပါး ။သူ့ရှေ့က အရာကို ကြောင်ကြည့်နေရင်းမှ လည်ဇလုပ်က တစ်ချက်လှုပ်ခက်သွားသေးသည် ။

အခုအခြေအနေကတော့ ဝမ်ရိပေါ်ဆိုတဲ့လူဆီ စာပို့ပြီး ညတွင်းချင်းကို ရောက်လာတဲ့ ကားပေါ်မှ ပန်းစည်းကို အံ့သြမှုအပြည့်နဲ့ ကြည့်နေရခြင်းဖြစ်သည် ။ အံ့သြမှုအပြင် ရှောင်းကျန့်ခေါင်းထဲ ရောက်လာတဲ့အတွေးက ဒီပန်းတွေကို ပြန်ရောင်းရမလား ၊ ပြန်စိုက်ရမလား ၊ မဟုတ်လဲ ရည်းစားဆိုတာ ဘာကောင်မှန်းတောင်မသိတဲ့ကောင်မလေး တွေကို လိုက်ဝေငှလိုက်ရမလား ။ အတွေးပေါင်းစုံကြားထဲမှာမှ အရေးကြီးဆုံးကိုတော့အခုမှ သတိရတော့သည် ။

ပန်းရောက်လာပြီး လူကရော လူ လူ ။ သူလိုချင်တာ လူ ။ ဝမ်ရိပေါ်ဆိုတဲ့ လူကိုလိုချင်တာ ။ ဝမ်ရိပေါ် ဆိုတဲ့ လူ ။

ညအချိန်ကား ၁၂နာရီဝန်းကျင် ။ ပေကျင်းကနေ ၁၀နာရီကြာ စီးရမယ့် flight ကြောင့် ဒီနေ့တော့ ရောက်မလာနိုင်ဘူးထင်၍ နက်ဖြန်မှဘဲ မျှော်မယ်စီစဉ်ထားပေမယ့် အရောက်လာနိုင်သူကတော့ သူ့ရှေ့ကို ရောက်နေနှင့်ပြီး ဖြစ်တယ် ။ ပန်းတွေသပ်သပ်တင်ထားတဲ့ ကားနောက်မှ ရပ်လိုက်တဲ့ အနက်ရောင်ကားမှ ဆင်းလာတဲ့ ခြေအစုံကြောင့် ရှောင်းကျန့်ရင်တွေ ဝုန်းဒိုင်းကျဲ မြန်ဆန်လာသည် ။

ရိပေါ် သူ့ရှေ့ကို ရောက်လာသည်အထိ ရှောင်းကျန့်စိတ်တို့ စုစည်းမရသေး ။ ကျွန်တော်တို့ မတွေ့ဖြစ်ခဲ့ကြတာ ၁နှစ် ၊ ရက်ပေါင်း ၃၆၅ရက် ၊ နာရီပေါင်း ၈၇၆၀ ။

အခုတော့ သူတွေ့ချင်နေတဲ့ လူသားလေးက သူ့ရှေ့ကို အရောက်လာခဲ့ပေးပြန်လေပြီ ။

ရှောင်းကျန့် သူနဲ့ဝေးရာကို ၃ကြိမ်တိုင်တိုင်ထွက်သွားဖူးပေမယ့် ရိပေါ်ကတော့ ၃ကြိမ်တိုင်တိုင် သူ့ဆီအရောက်ပြန်လာပေးခဲ့တယ် ။ မိဘမဲ့ဂေဟာမှာ ဝမ်ရိပေါ်ဆိုတဲ့ ကလေးလေးက သူ့ဘေးကိုပထမဆုံးအကြိမ်ရောက်လာခဲ့တယ် ။ ဒုတိယအကြိမ်မှာတော့ နည်းမျိုးစုံသုံးပြီး ရှောင်းကျန့်ဆီအရောက်လာပြီး ပျော်ရွှင်စရာဝမ်းနည်းစရာအမှတ်တရပေါင်းစုံကို ပေးခဲ့တယ် ။ အခု တတိယအကြိမ် ပြီးတော့ နောက်ဆုံးအကြိမ်  ဒီလိုနေ့ရက်ရောက်လာဖို့ထိ စိတ်ရှည်ရှည်စောင့်ပေးပြီး သူ့ရှေ့ကို အရောက်လာခဲ့ပေးပြန်သည် ။

My Deepest Love {YIZHAN}Where stories live. Discover now