EP-6 U

4.9K 594 15
                                    

နီညိုရောင်ခန်းစီးစတွေကြား..... အလင်းရောင်သဲ့သဲ့ဝင်လာသည် ။ ဒီနေ့ ရာသီဥတုကတော့ နွေးထွေးနေပြီး ဧည့်ခန်းထဲ.... coldplay ရဲ့ paradise သီချင်းသံတိုးတိုးက ပျံလွင့်နေသည် ။

စားပွဲပေါ်မှာတော့ ကောဖီနှစ်ခွက်ရယ်နဲ့ အာလူးကြော်ထုပ်ရောင်စုံ ပြန့်ကြဲနေသည် ။ ကော်ဖီနဲ့ အာလူးကြော်က လိုက်ဖက်မှာမဟုတ်မှန်းသိပေမယ့်.... စားပွဲပေါ်မှာ ရှိနေခြင်းကတော့ အိမ်ကြီးရှင်ရဲ့ အလိုလိုက်မှုတစ်ခုပင် ။

ဒီနေ့က ရိပေါ်အလုပ်နားရက်ဖြစ်တယ် ။ အရင်ချိန်တွေဆို နားရက်လဲ အိမ်မှာမမြဲတဲ့ သူဌေးလေးက....အခုတော့ တစ်ယောက်သောသူအနားက မခွာပေ ။

ဆိုဖာပေါ်ခြေနှစ်ဖက်လုံးတင်ထိုင်ပြီး.... စာအုပ်ဖတ်နေရင်းမှ ရိပေါ်ကို ခိုးကြည့်မိသည် ။ ပိတ်ရက်လေး သူ့ဘေးနား နေပေးတယ် ဆိုပေမယ့် laptop ကနေတော့ ခေါင်းမခွာသေး ။ အလုပ်ကို အိမ်ထိတောင်ယူလာပြီး တော်တော်ကြိုးစားနေတာပဲ ။ တစ်ခြားမသိပေမယ့် အခုနေတဲ့ အိမ်တန်ဖိုးကိုကြည့်ရင်တောင်... ရိပေါ် တော်တော်ချမ်းသာမှန်း သိနိုင်သည် ။ ဒါတောင် ဘယ်သူ့အတွက် ပိုက်ဆံရှာနေသေးတာလဲ ။ ပေးရမယ့်သူ ထပ်ရှိနေသေးလို့များလား ။ ဘာအလုပ်မှမရှိသူ... ရှောင်းကျန့်အဖို့ တစ်နေ့တစ်နေ့အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ပဲ အလုပ်ရှုပ်နေရသည် ။

မနက်စာစားပြီးတည်းက တစ်မနက်လုံး စာဖတ်နေရတာလဲ ပျင်းနေလေပြီး ။ မုန့်ထုပ်တွေသာ ကုန်သွားပြီး စာမျက်နှာ ၅ရွက်လောက်ထိသာ ရောက်နေသေးပေအယ့် ကိုယ့််ကိုကိုယ် စာတစ်အုပ်လုံး ဖတ်ပြီးသွားသလိုခံစားနေရတယ် ။

ဘယ်လိုဖြစ်ဖြစ်....ပျင်းလာပြီးမို့ ရိပေါ်နဲ့စကားပြောဖို့ စကားရှာရတော့သည် ။

" ရိပေါ် "

" ဟင် "

ရိပေါ်က ဒီတစ်ခုတာ့မဆိုးဘူးပြောရမယ် ။ သူဘယ်လောက်အလုပ်များများ.... ကျွန်တော်ခေါ်ရင် ချက်ချင်းထူးပြီး...လိုချင်တာရှိရင်လဲ အလုပ်ကိုရပ်ပြီး ချက်ချင်းထလုပ်ပေးတက်သည် ။

သူခေါ်တော့ တစ်ချက်မော့ကြည့်ပြီး....အလုပ်ဆက်လုပ်နေသည် ။ နားထောင်နေတယ် ဆိုတဲ့သဘောပဲမို့....

My Deepest Love {YIZHAN}Donde viven las historias. Descúbrelo ahora