EP-11 U

4.5K 502 16
                                    

" ကောင်းကောင်းသွား....တစ်ခုခုဆိုတာနဲ့ ငါ့ကိုပြောနော် ရှောင်းကျန့် "

" အေး သွားပြီးမင်ဟွေ့....ရိပေါ်စောင့်နေလောက်ပြီး "

မင်ဟွေ့ကို နှုတ်ဆက်ပြီးတာနဲ့ ဆေးရုံက ထွက်လာခဲ့တယ် ။ နေ့လည်ကထိတော့ အလုပ်များနေတယ်ဆိုတဲ့လူက.... အခုတော့ ဆေးရုံရှေ့မှာ အဆင်သင့်ရပ်စောင့်နေတယ် ။

ရိပေါ် ရှိရာဆီ ခပ်မြန်မြန်လျှောက်သွားလိုက်ပြီး....

" ရိပေါ် "

" ရောက်ပြီးလား သွားရအောင် ကော "

ကားပေါ်ရောက်တာနဲ့ ခါးပတ်ပတ်ပေးဖို့က ရိပေါ်တာဝန်မို့..... ရှောင်းကျန့်ကတော့ မုန့်ထုပ်သာလိုက်ရှာနေသည် ။ သရေစာ ကြိုက်တဲ့သူ့အဖို့ ရိပေါ်ကရှိတဲ့နေရာတိုင်းမှာ မုန့်ထုပ်တွေ ထားထားပေးတက်တယ် ။

ရိပေါ် ခါးပတ်ပတ်ပေးနေရင်း ရှောင်းကျန့်က နောက်ခုံက မုန့်ထုပ်ကို လှမ်းယူနေတာကြောင့်.....

" ကော ခဏ ခဏ ကိုယ်ယူပေးမယ်... ခါးပတ်လေးပတ်ပါရစေအုံး "

" အင်းအင်း "

" ရပြီး.....ဒီမှာမုန့်ထုပ် "

အဆင်သင့်ဖောက်ပြီးသား မုန့်ထုပ်ကို သူ့လက်ထဲထည့်ပေးတယ် ။

" တစ်ခြားတစ်ယောက်ကို လာကြိုခိုင်းမယ်ထင်နေတာ မင်းပြောတော့ မအားဘူးဆို "

" ချန်းနဲ့လွှဲခဲ့လိုက်တယ် အလုပ်တွေကို....ကောကို ကိုယ်နဲ့မှမဟုတ်ရင် ဘယ်လိုစိတ်ချရမလဲ "

စကားတွေက စလာပြီးမို့ အထင်ကြီးတဲ့စတိုင်နဲ့ တစ်ချက်ရှိုးရင်း........

" အိုဟို......ဝမ်ရိပေါ် "

" အပြင်မှာ ညစာစားကြမလား "

" အကင်ဆိုင်! ဟိုတစ်ခါ ငါပြောတဲ့ဆိုင်သွားရအောင် "

" အိုခေ "
.
.
.
.
.
.
.
.
.

ညနေ အလုပ်ဆင်းချိန် ဖြစ်နေပြီးမို့ လမ်းတစ်လျှောက်လုံး လူများနေလေသည် ။ လမ်းဘေးရှိ မုန့်ဆိုင် ၊ အဝတ်ဆိုင် ၊ အရုပ်ဆိုင်တွေနဲ့ ပြည့်နှက်နေတာကြောင့် တော်တော်လေးစည်းကားသည် ။

My Deepest Love {YIZHAN}Where stories live. Discover now