EP-1 U

10.1K 1.4K 21
                                    

အချစ်နောက်
အတ္တ နဲ့ လောဘကလေး ကပ်ပါလာတော့
ဘဝတွေက
ကမောက်ကမဖြစ်ကုန်ရော......

-----------


၁၀ နှစ်ကြာပြီးနောက် .........

ဆောင်းတွင်းရဲ့ အအေးဓာတ်က လွန်ကဲစွာ....

ဆိတ်ငြိမ်ရပ်ကွက်ထဲ တိတ်ဆိတ်စွာ မောင်းနှင်လာတဲ့
ကားတစ်စီးက... ရွှေရောင်သံတံခါးကြီးတွေရှိတဲ့ ခြံဝန်းထဲကို ဖြတ်ဝင်လာခဲ့သည် ။

အပင်ကြီးအပင်ငယ်.... ရှည်မျောလှတဲ့ မြတ်ခင်းစိမ်းစိမ်းတွေကို ဖြတ်ကျော်လာပြီးနောက်... မှန်တွေနဲ့ တည်ဆောက်ထားသည့် modern house ဆိုတဲ့ နှစ်ထပ်တိုက်ကြီးရှေ့ကိုရောက်သည် ။ ခမ်းနားထည်ဝါလှသည့် အိမ်တံခါးဝမှာတင်... အလုပ်သမား ၂၀ကျော်က ရာထူးကြီးငယ်အလိုက် တန်စီစောင့်ကြို နေကြသည် ။

ချက် !

တံခါးဖွင့်အပြီး ကားပေါ်ကဆင်းလာသည့် ခြေဖဝါးဖြူ ဖြူ လေး ယိမ်းယိုင်မသွားအောင်... ပုခုံးနှစ်ဖက်ကို လှမ်းပွေ့လာသည့် ဒီအိမ်ရဲ့ အိမ်ကြီးရှင်..

" ဖြေးဖြေး... ကိုယ် တွဲမယ် "

ညင်သာနူးညံ့လွန်းသည့် အသံ ။ ရင်ခွင်တွင်းပွေ့ဖက်မှုက မထိရက်မကိုင်ရက်တဲ့ တန်ဖိုးကြီးပိုင်ဆိုင်မှုတစ်ခုလို .....

" ရ...ရတယ် "

အခုထိအသားမကျသေးသည့် ထိတွေ့မှုကို.... မျက်လုံးကလေးဝိုင်းကာဖြင့် သူ့ကိုကြည့်ရင်း ငြင်းဆန်လာသူ ။

အစ်ကိုမင်ဟွေ့ရဲ့ အတင်းအကျပ်မလုပ်နဲ့အုံးဆိုတဲ့ စကားကိုသတိရလိုက်တာမို့..... လက်လေးကိုသာဆွဲပြီး အိမ်ကြီးထဲဝင်လာလိုက်သည် ။

" ဆေးရုံက ဆင်းတာဂုဏ်ပြုပါတယ် အစ်ကိုလေး.... ပြန်ရောက်တာ ကြိုဆိုပါတယ် သူဌေးလေး "

အိမ်တော်ထိန်း ရဲ့ စကားသံကလွဲရင် ကျန်တဲ့သူများကတော့ ခေါင်းငုံထားကြသည် ။

" အလုပ်လုပ်စရာရှိတာ သွားလုပ်ကြတော့ ၊ ညစာစားတဲ့အချိန်ကြမှ.... ပြန်ဆင်းလာခဲ့မယ် ။ စိတ်ချမယ်နော် ချန်း "

နောက်ဆုံးစကားကိုတော့ နောက်မှရပ်နေတဲ့.... အတွင်းရေးမှူးတစ်ဖြစ်လဲ သူ့ရဲ့လူယုံဖြစ်တဲ့ ချန်းကို ပြောခဲ့ခြင်းပင် ....

My Deepest Love {YIZHAN}Where stories live. Discover now