စာရေးသူ၏ အမှာစာ နှင့် စာချီး ( Zawgyi )

5.5K 92 4
                                    

အမှာစာ

လေးစားရသော စာရှူသူအပေါင်းတို့ခင်ဗျာ ။ ကျွန်တော် ဒီ စိတ်ကူးယဉ် ၀တ္ထု နဲ့ ပတ်သတ်လို့ ပြောချင်တာကတော့ ၀န်ခံမှု ပါ ။ ကျွန်တော် ဒီ ၀တ္ထုကို ဆေးပညာ အကြောင်း သေချာ လေ့လာပြီးမှ ရေးသားထားတာပါ သို့သော် ဆေးရုံ ၏ အခန်းတည်ဆောက်ပုံများ ၊ နေရာများ စသည်တို့ ကို စိတ်ကူးနဲ့သာ ရေးဖွဲ့ထားခြင်းဖြစ်ပါတယ် ။ နောက်တစ်ခုဆိုရင်တော့ ဒီ ၀တ္ထုဟာ ကိုရီးယား ကားတွေနဲ့ စင်နိုင်ပါတယ် ။ ကျွန်တော် ကိုရီးယားကားအချို့ကို မှီငြိမ်းပြီး ရေးသားထားတာပါ ။

ဇာတ်ကောင်များ နှင့် သူတို့ ၏ ဘ၀အကြောင်း ၊ အချစ်အကြောင်းများမှာ စိတ်ကူးယဉ်သာ ဖြစ်ပါတယ် ။ သို့သော်လဲပဲ ဆေးပညာအကြောင်းများ ၊ ရောဂါအကြောင်းများ ၊ ခွဲစိတ်ခန်းထဲက အကြောင်းများကို အမှန်အကန်သာ ရေးသားထားပါတယ် ။ ခွဲစိတ်ခန်းထဲမှ အကြောင်းအရာများကို စာဖတ်သူများ မျက်လုံးထဲ မြင်အောင် ရေးသားထားပါတယ် ။

စာချီး

ဆေးပညာ အကြောင်းဟာ အင်မတန်မှ နက်နဲပါတယ် ။ လေ့လာလေ မကုန်ဆုံးလေပါ ။ ဒီ ၀တ္ထုလေးကို ဖတ်ရင်း စာဖတ်သူတို့ တစ်စုံတစ်ခု ရရှိသွားဖို့ မျှော်လင့်ပါတယ် ။ ဆေးပညာ အကြောင်းကို လေ့လာချင်ပါသလား ၊ အခု ဖတ်ကြည့်လိုက်ပါ ။ ဆေးရုံတစ်ရုံထဲက အကြောင်းအရာတွေကို တကယ် အပြင်မှာ မြင်နေရသလို ဖတ်နေရမှာပါ ။ ကဲ စာအုပ်လေးနဲ့ အတူ စီးမျောသွားဖို့ ဖတ်ကြည့်ကြစို့ ။

လွန်  (Over) // Completed // Where stories live. Discover now