အခန်း ၁၂ - မိုး ။ ( Unicode )

612 59 0
                                    

မိုးရာသီတွင် မိုးရွာသည်မှာ မဆန်း ။ ဒါပေမယ့် အခု မိုးရွာလို့ မသင့်တော်ဘူး မဟုတ်လား ။ ကျွန်တော့် မြင်ကွင်းထဲတွင် ကား နှစ်စီးကို taxi က ၀င်တိုက်ထားသည် ။ taxi ဘေးတွင် ခရီးသွားကားကြီးရှိပြီး အဲ့ကားကို ဆီကားက ၀င်တိုက်ထားသည် ။ ဆီကားကိုတော့ အန်စာတုံးကားမဲမဲကြီး တစ်စီးက တိုက်ထားသည် ။ ကျွန်တော် နဲ့ စိုင်းလံနော့ အလျှင်အမြန် အဲ့နား ပြေးသွားလိုက်သည် ။

အရင်ဆုံး ခရီးသွားကားဆီကို ကျွန်တော် သွားလိုက်သည် ။ အဲ့ကားထဲရောက်တော့ မြင်ရတာ ကားဆရာက ဟန်ဒယ်ပေါ်ခေါင်းကြီး ငုံ့နေသည် ။ လူလျှောက်လမ်းတွင် အန်တီကြီးတစ်ယောက်က အဘိုးကြီးတစ်ယောက်ကို အောက်ချပြီး CPR လုပ်နေသည် ။ စိုင်းလံနော့ကတော့ ဆီကားစီကို အရင်သွားသည် ။

ကျွန်တော် ကားဆရာရဲ့ ခေါင်းကို တည့်တည့် ပြန်မတ်လိုက်သည် ။ လည်ပင်းနားက နေရာလေးကို စမ်းလိုက်သည် ။ တစ်မိနစ်ကို ၆၀ ၊ ၈၀ အတွင်းခုန်နေတာ ဆိုတော့ ပုံမှန်ပဲ ။

'CPR လုပ်နေတာ ဘယ်သူပါသလဲ ။ '

ကျွန်တော် အသံ အနည်းငယ်မြှင့်ပြီးမေးလိုက်သည် ။

'သားလား... ဇွဲလွန်းသူ..'

'အာ...တီချယ်လား ? ဘယ်လိုလုပ်ဒီကို ။ '

'ဒီတစ်ယောက်က အခြေအနေ အရမ်းဆိုးနေပြီ ။ arrest ဖြစ်တော့မယ် ။ ကံကောင်းတာက ဒီကားထဲမှာ လူ ၆ ယောက်ပဲရှိတာ ။ မင်းက အခု မင်းဘေးက ခုံမှာ အန်တီ ကြီးတစ်ယောက်ရှိတယ် ။ သူကလဲ နှလုံးခုံ အရမ်းနှေးနေပြီ ။ သူ့ကို မင်းကယ်လိုက် ။ ကျန်တာတွေက ရိုးရိုး သတိလစ်နေတာ ။ '

ကျွန်တော် tr ပြောတဲ့ အန်တီကြီးကို စစ်လိုက်သည် ။ မျက်နှာက ဖြူဖက်ဖြူရော ဖြစ်နေသည် ။

'နှလုံး သွေကြော တစ်ခုခု ပြတ်သွားတာထင်တယ် ။ ခန္ဓာကိုယ်တွင်းသွေးယိုမှု ဖြစ်နေတာ ထင်တယ် ။ '

ကျွန်တော် တစ်ကိုယ်စာကြားယုံပြောလိုက်သည် ။

'မဖြစ်ဘူး...ဒီနေရာ မှာ ခွဲမှရမယ် ။ ဆရာမ ၊ ဆရာမ မှာ ဓါးဖြစ်ဖြစ်ပါလား ။ '

တီချယ်က ချွေးတွေ အရမ်းထွက်နေပြီဖြစ်သည် ။ အင်းလေ သူ CPR လုပ်နေတာလဲ မိနစ် ၃၀ နီးပါးလောက်ရှိနေလောက်ပြီ ။

လွန်  (Over) // Completed // Where stories live. Discover now