ကျွန်တော့် ပထမဆုံး လူနာကို လက်လွှတ်လိုက်ရသည် က အလွန်ဆိုးလွန်းသည် ။ ကျွန်တော်ရယ် ၊ ဟိုလူရယ် ၊ ဟို ဒေါက်တာ ရယ်က အခုဆေးရုံအုပ် ရုံးခန်းထဲတွင်ရောက်နေပြီဖြစ်သည် ။
'ဒီ ဆေးရုံတွေက ဆရာ၀န်တွေက ဘယ်ပျောက်သွားတာမလို့လဲ ၊ ဒေါက်တာ ခင်၀င်း ။ '
ဆေးရုံအုပ်က ဒေါသ အသံကို အနည်းငယ် တိုးပြီး ပြောနေသယောင်ယောင် ။
'ဟုတ်ကဲ့ရှင့် ။ အရေးပေါ်ဋ္ဌာနက လူတွေ အကုန်လုံးက ဒီနေ့တစ်ရက်အနားယူထားလို့ပါရှင့်။ အဲ့တာကြောင့် အထွေထွေ ကုသဆရာ၀န်ကို သွားခေါ်ရာမှာ အချိန်နောက်ကျသွားတာပါ ။ '
သြော် ဟို ဆရာမနာမည်က ဒေါ်ခင်၀င်း ကိုး ။ ရယ်စရာ တစ်ခုက ဒေါ်ခင်၀င်းက DNR ကို မသိခြင်းပင် ။ ကျွန်တော် နဲ့ ဟိုလူသာသိသည် ။
'မောင်စိုင်းလံနော့ကကော ဘာလို့ CPE လူနာတစ်ယောက်ကို မကိုင်တွယ်တတ်တာလဲ ။ ခွဲစိတ်မှုတွေပြီးတိုင်း arrest ဖြစ်တတ်တယ်ဆိုတာ မသိဘူးလား ။ အဲ့တော့ CPR ကော မလုပ်ဘူးလား ။ '
'ဗျာ...ဟုတ်ကဲ့ ကျွန်တော်...'
ကျွန်တော်က ဟိုလူ့ဘေးမှာ ၊ ဟိုေ
လူ့ရှေ့က ဆိုဖာမှာက ဒေါ်ခင်၀င်း ။ ကျွန်တော် စိတ်မရှည်စွာ ၀င်ပြောလိုက်သည် ။'ဒီမှာ ဆေးရုံအုပ်ကြီး သူတို့က DNR ကိုသဘောတူပြီးသားပါ ။ အဲ့တော့ ဘယ်သူ့ကိုမှ ဆူလို့မရပါဘူး ။ ရှင်းရှင်းပြောရရင် လူနာက ခွဲစိတ်ပြီးတာ တစ်ပတ်တောင်ရှိပါပြီ ။ သူ့ကို ခွဲစိတ်တဲ့ တာ၀န်ခံဆရာ၀န်က သေသေချာချာ မလုပ်လို့ arrest ဖြစ်တာပါ ။ ပုံမှန်ဆို ၁ ရက်ကနေ ၂ ရက်အတွင်းပဲ ဖြစ်နေကြပါ ။ ဒီ case က အဓိက အကြောင်းရင်းက DNR ကြောင့်ဖြစ်တဲ့ အတွက် ဘယ်သူ့ကိုမှ ဆူလို့ မရဘူး ။ ဟုတ်တယ် မဟုတ်လား အကိုစိုင်းလံနော့ ။ '
လူတိုင်းရဲ့ အကြည့်တွေက ကျွန်တော့် အပေါ် ရောက်လာသည် ။ စကားအဆုံးမှာ ဟိုလူ့ကို ကြည့်ပြီး ဟုတ်လားမဟုတ်လား တမင် မေးလိုက်ခြင်းပင် ။
'အဟမ်း..ဒါနဲ့ မင်းက...သြော် ငါသိပြီ ။ ကျန်တဲ့ သူတွေ ခနလောက် ထွက်သွားပေးကြပါ ။ '