အခန်း ၁ - မတူညီသော ( Unicode )

4.3K 190 4
                                    

ညစ်ညမ်းစုတ်ပြတ်တဲ့ မနက်ခင်းတစ်ခု ။ သူ့အတွက် သာယာတယ် ဆိုတာကို မရှိပါဘူး ။ အခုကျောင်းသွားဖို့ အနောက်တိုင်း၀တ်စုံ အပြာရင့်ရောင် ကို ၀တ်လိုင်သည် ။ roll-on နဲ့ ရေမွှေးကို သုံးပြီး ခေါင်းဖြီးလိုက်သည် ။ ဒီနေ့က တနင်္လာနေ့  ၊ ဆရာ ၊ ဆရာမ တိုင်းကတော့ တိုက်ပုံ ၀တ်ခိုင်းပေမယ့် သူကတော့ နေ့တိုင်း မရိုးရအောင် အရောင်တွေပဲ ပြောင်းပြီး အနောက်တိုင်း၀တ်စုံ တွေသာ၀တ်သည် ။ ဒီနေ့တော့ အပြာရင့်ရောင် ၊ မနက်ဖြန် ကျရင် long coat ။ ဇွဲလွန်းသူ သူ့ကိုယ်သူ မှန်ရှေ့မှာ ငါသာလျှင်အချောဆုံး ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည် ။ ပြီးတာနဲ့ အိမ်တံခါးတွေကို အကုန်ပိတ်ပြီး လွယ်အိတ်လွယ် လိုက်သည် ။ သူအိမ်အပြင်က ထွက်ပြီး ကားဆီ သွားမယ့် အချိန် ဘေးအိမ်က ဆူညံ ပူညံ အသံတစ်ချို့ကို ကြားလိုက်ရသည် ။

'ကျစ် ၊ စိတ်ပျက်စရာကောင်းလိုက်တာ ။ '

သူမျက်မှောင်ကျုံ့ရင်း ကားသော့နဲ့ ကားကို ဖွင့်ပြီး မောင်းသူ နေရာကို ၀င်ထိုင်လိုက်သည် ။ ခပ်တည်တည်ပဲ ကားကို ခပ်ကြမ်းကြမ်း မောင်းလိုက်သည် ။

'ဟင့်..ကိုကလဲ လူတွေလဲ ရှိတဲ့ဟာကို ။ '

သူကျောင်းရောက်ခါနီး ၊ လမ်းကြိုလမ်းကြား တွေကြားကို ဖြတ်ကူချိန် လမ်းလယ်ကောင်မှာ တာတာတူး နေသည့် စုံတွဲ တစ်တွဲ ကိုတွေ့လိုက်သည် ။ သူစိတ်မရှည်တော့ပါ ၊ လေပူတစ်ချို့ကို ဆံပင်ပေါ်ရောက်အောင် ပင့်မှုတ်ထုတ် လိုက်ပြီး ကားပေါ်က ဆင်းလိုက်သည် ။

'ဒီမှာ ။ ခင်ဗျားတို့ အရှက်မရှိကြတာလား ဦးနှောက်မရှိကြတာလား ။ လမ်းလယ်ကောင်မှာ ကားတိုက်ခံချင်လို့ ရပ်နေကြတာလား ။ အဲ့လောက်ဖြစ်နေရင် Hotel မှာ sex သွားလုပ်ကြပါလား ။ သောက် ကျက်သရေကို တုန်းတယ် ။ '

သူ ပြောပြီး ကားပေါ်ကို ပြန်တက်လိုက်သည် ။ ကားနောက်ကို နည်းနည်း ဆုတ် လိုက်သည် ၊ ပြီးတာနဲ့  သူအရှိန်နဲ့ ဟို နှစ်ကောင် တည့်တည့်ကို မောင်းထွက်လိုက်သည် ။ သူတို့နှစ်ကောင်ကတော့ ကျွန်တော် ပြောတာကြည့်ပြီး ကြောင်နေကြသည် ထင်သည် ။ ကျွန်တော် ကားကို အရှ်န်နဲ့ သူတို့တည့်တည့်ဆီ မောင်းတော့မှ ပြေးပြီး ရှောင်လိုက်ကြသည်။

သူကျောင်းစစ တတ်တဲ့ နေ့ကတော့ လူတိုင်းကသူ့ကို ကွက်ကြည့်ကွက်ကည့်နှင့် ။ ဘာလို့ဆို တစ်ချိန်လုံးသူ အနောက်တိုင်း၀တ်စုံပဲ ၀တ်သည်မို့ ။ သူ့မှာ သူငယ်ချင်းလဲမရှိ ။ သူက first year ၊ ဒါပေမယ့် ကျောင်းက စီနီယာတွေကော ၊ ပါမောက္ခ တွေကော သူနဲ့ ဝေးဝေးရှောင်ကြသည် ။ ဘာလို့ဆို သူက စကားကို တည့်တိုးပြောသည်ကိုး ။ ရှောင်ပြီးလဲ မပြော တတ်သလို ပေါင်းသင်းဆက်ဆံ ရေးလဲ မကောင်း ။

'ဘုတ်..အ ။ တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ။ '

သူ့နောက်ကို တစ်ယောက်ယောက်က ၀င်တိုက်လိုက်သည် ။ ထိုငနဲကတော့ တောင်းပန်ပဲ တောင်းပန်နေသည် ။ သူတစ်ချက်​ပြုံးလိုက်ပြီး ဟို​ကောင်လေးရဲ့ ပစ္စည်းတွေကို ကူကောက်ပေးနေလိုက်သည် ။

'ကျေးဇူးတင်ပါတယ်ဗျ ။ '

သူက ပြန်ပြုံးပြလိုက်ပြီး ထိုလူက သူ့ရှေ့ကို ကျော်ပြီး ဖြတ်သွားသည် ။ သူ့ကို ဒါမျိုး ဘယ်လုပ်လို့ရမလဲ ။

သူရှေ့တည့်တည့်က ထိုငနဲ ကောင်ရဲ့ ဆံပင် တွေကို လက်နဲ့ နောက်ကို ယူပြီး လှန်ဆွဲလိုက်သည် ။

'အား!!!'

'ဘာလဲနာလို့လား ။ ဟန့် ဆောရီးပါ ။ မင်း လဲ ငါ့ကို ဘာမှမပြောပဲ ၀င်တိုက်တယ်မဟုတ်လား မင်း စိတ်ဆန္ဒအရ ။ အဲ့တော့ ငါလဲ ငါ့စိတ်ဆန္ဒ အရ မင်းကို နာကျင်အောင် လုပ်ရမှ ကျေနပ်မယ် ။ '

သူ့ ရှေ့နည်းနည်း တိုးပြီး ထိုငနဲကောင်ရဲ့ နား နားကို ကပ်ပြီး ပြောလိုက်သည် ။ ဆံပင်ကို ပိုနာနာဆွဲလိုက်သည် ။

'အား..လွှတ်ပါဗျ ။ ကျွန်တော် တောင်းပန်ပါတယ် ။ တကယ်တောင်းပန်ပါတယ် ။ '

ထိုကောင်ကတော့ မျက်ရည်တွေနဲ့တောင်းပန်နေသည် ။

'ဟုတ်လား တောင်းပန်တယ်လား ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ... '

×××

တောင်းပန်ပါတယ် ။ ပထမဆုံး အပိုင်းကို များများ up ပေးရမှာကို ကျွန်တော် ခေါင်းမူးနေလို့ ပါ ။ တကယ်တောင်းပန်ပါတယ် ။ မနက်ဖြန် တော့ များများ တင်နိုင်အောင် ကြိုးစားပါ့မယ် ။

လွန်  (Over) // Completed // Where stories live. Discover now