အခန်း ၉ - ဆေးရုံနီကြီး ။ ( Zawgyi )

452 29 0
                                    

အခန်း ၉ - ဆေးရုံနီကြီး ။

'ဒေါက်တာ ! သူ ဘာဖြစ်လို့ သတိလစ်သွားတာလဲ ! '

ကျွန်တော် အလျင်အမြန်မေးလိုက်သည် ။

'မရိပ်မိဘူးလား ။ သူမနေ့က ၄နာရီ လောက်ထိခွဲခန်းဝင်ရတာ ။၃ နာရီလောက်ပဲ အိပ်ပြီး ကျောင်းသွားတာ ။ ပြီးတော့ အခု ခွဲခန်းထပ်ဝင်တော့ လဲ လူက ဘယ်လို လုပ်ခံနိုင်မှာလဲ ။ နားနေခန်းက အိမ်သာ ဘေးနားကအခန်း ။ အိမ်သာက ခွဲစိတ်ခန်းဘေးက အခန်း ။ '

ဒေါက်တာ L က ပြောပြီး ထွက်သွားသည် ။ ကျွန်တော် သူ့ခန္ဓာကိုယ်ကို ဘယ်လိုမရမှာလဲ ။ ကျွန်တော် သူ့ခေါင်းပိုင်းကို လက်တစ်ဖက် နှင့် ခါးပိုင်းကို ကျန်လက်တစ်ဖက်နှင့် မ လိုက်သည် ။ ဒီလို ဆိုတော့လဲ သိပ်မလေးပါဘူး ။ လက်အိတ်ကိုပဲ သွေးပေသည် မို့ လက်မဆေးတော့ ။ လက်ဆေးရည် နဲ့ ပဲ  ဆေးတော့မည် ။ နားနေခန်းကို တွေ့ပြီ ။ တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တော့ တံခါးပွင့်သွားသည် ။ နားနေခန်းမှာ ဘယ်သူမှရှိမနေ ။ ပြီးတော့ ဒါက အထွေထွေကုသ ၊ ခွဲစိတ် ဋ္ဌာန နဲ့ နှလုံး ကုသ ၊ ခွဲစိတ် ဋ္ဌာန က အလုပ်သင်တို့ အတွက် နားနေခန်းဖြစ်သည် ။ ကျွန်တော် စိုင်းလံနော့ရဲ့ လွယ်အိတ်ကို သိသည် ။ ရေခဲမုန့် လှည်းရှေ့တွင် စကားများတုန်းက သူ့လွယ်အိတ်ကို သိနေသည်မို့ ။ ကျွန်တော် သူ့လွယ်အိတ်တင်ထားတဲ့ နှစ်ထပ်ကုတင်က အောက်ကုတင်ပေါ်ကို အရင်ဆုံး ခေါင်းပိုင်းတင်လိုက်သည် ။ ပြီးတော့ ခေါင်းအုံးကို သေချာ လုပ်ပေးပြီး အခန်းထဲက ထွက်ဖို့ လုပ်လိုက်ပေမယ့် လာဆွဲသည့် လက်တစ်ဖက် ။ ကျွန်တော် ဟန်ချက်ပျက်သွားသည် ။ ခြေထောက်တစ်ဖက်က ခေါက်သွားသည်မို့ ချော်လဲမည့် ပုံစံ ဖြစ်သွားချိန် စိုင်းလံနော့ ရဲ့ နှုတ်ခမ်းနဲ့ ကျွန်တော့် နှုတ်ခမ်း ထိတွေ့မိသွားသည် ။ ကျွန်တော် လက်တစ်ဖက်က သူ့ကုတင်ပေါ် ကိုတင်ထားပြီး ကျန်လက်တစ်ဖက်က ကြမ်းပြင်ပေါ် ထိထားသည် ။ ခြေထောက် နှစ်ဖက်ကတော့ ဒူးထောက်ထားသလို ပုံမျိုးဖြစ်နေသည် ။ ကျွန်တော် လန့်ပြီး စိုင်းလံနော့ နဲ့ထိကပ်နေသည့် ကျွန်တော့် နှုတ်ခမ်းကို ခွာလိုက်သည် ။ သူသတိလစ် တာမဟုတ်ဘူးပေါ့ ။ ယောင် တာဆိုတော့ အိပ်နေသည့်ပုံစံ ။ ကျွန်တော် သူနဲ့ နှုတ်ခမ်းချင်းနမ်းမိတာကို သူ့ကို မသိစေချင် ။ ကျွန်တော် က gay တစ်ယောက် ။ ပြီးတော့ ဒါ ကျွန်တော့် first kiss ဆိုပေမယ့် စိတ်မတိုမိ ။ ကျေနပ်နေသလိုပင် ။ ကျွန်တော် စားပွဲပေါ်က လက်ဆေးရည် ကို သုံးလိုက်သည် ။ နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ည ၁ နာရီထိုးပြီ ။ ကျွန်တော် အလွန်အံ့သြ သွားသည် ။ ညနေ ၆ နာရီလောက်က စခွဲစိတ်တာ ည ၁ နာရီ မှ ပြီးသည်တဲ့လား ။ ခွဲစိတ် ချိန်ကြာချိန်က ၇ နာရီ တောင်ကြာတာပေါ့ ။ ခွဲစိတ်ခန်းထဲကတော့ မသိပေမယ့် နာရီကြည့်လိုက်တော့ physco ၀င်သွားသည် ။ ဗိုက်ဆာနေပြီ ။ ကျွန်တော် ဆေးရုံ အနီးနားက ၂၄ နာရီ ဖွင့်သည့် G&G ဆိုင်ကို သွားဖို့ အခန်းထဲက ထွက်လိုက်သည် ။ ဆေးရုံထဲကပါ ထွက်လိုက်သည် ။ ဆေးရုံကြီးသည် air corn တစ်ခုမှမရှိပါပဲ အေးနေသည် ။ ဆေးရုံကြီးမှာ အကုန် အုတ်နီတြွေဖင့်ဆောက်ထားသည် ။ အင်္ဂလိပ် လက်ထပ် ထဲက ဆောက်ထားသည့် ဆေးရုံဖြစ်မည် ။

အပြင်တွင် ကားတွေ တစ်စီး နှစ်စီးမျှသာ ရှိတော့သည် ။ ဖုန်မှုန့်တွေက လမ်းမကြီးပေါ်တွင် တရွေ့ရွေ့ ရွေ့လျှားနေသည် ။ သစ်ပင်ကြီးတွေမှာ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ငြိမ်သက်နေသည် ။ လေမတိုက်ပေမယ့် ညလေသည် အလွန်အေးလှသည် ။ ကျွန်တော် store ဆိုင်ထဲသို့ ၀င်လိုက်သည် ။ ခေါက်ဆွဲခြောက်တွေ ထားထားသည့်နေရာမှ အသင့်စား ခေါက်ဆွဲဘူးကို ယူလိုက်သည် ။ ပြီးတော့ အအေး များထားထားသည့်နေရာတွင် ကိုလာ ဘူးကြီး ကို ယူလိုက်သည် ။ ​ကောင်တာ တွင် ငွေရှင်းလိုက်သည် ။ ပြီးတော့ ဆေးရုံကြီးထဲက ခုနကနားနေခန်းထဲ ပြန်ဝင်လိုက်သည် ။ အခန်းထဲမှာ ရေပူရေအေး စက်လဲ ရှိတာကြောင့် ခေါက်ဆွဲဘူးကို ဖွင့်ပြီး ရေနွေးတွေ ထည့်လိုက်သည် ။ အသင့်စားဘူးဖြစ်တာကြောင့် တစ်ခါသုံး ဇွန်း နဲ့ ခက်ရင်းပါပါသည် ။ ကိုလာ အအေးဘူးသည် ရက်ဆက်စွာ အေးဆက်နေသည် ။ အခုမှ ကြည့်မိသည်က အခန်းထဲ တွင် နှစ်ထပ်ကုတင် ၆ လုံးရှိသည် ။ ကုတင်တိုင်းတွင် လူတွေအိပ်နေသည် ။ သူတို့ မီးဖွင့်ပြီး အိပ်တယ်တဲ့လား ။ သြော် ဟုတ်သည် ။ ကျွန်တော်ငယ်ငယ်က မေမေ့ကိုမေးဖူးသည် ။ အရေးပေါ်လူနာ လာရင် မနိုးမှာ ဆိုးလို့တဲ့ ။ မီးဖွင့်အိပ်တော့ သေချာ အိပ်မပျော် ၊ အဲ့တော့ အရေးပေါ် လူနာဆိုတဲ့ အသံကြားရင် ချက်ချင်း ထရသည် ။ ဆရာဝန်တွေရဲ့ စိတ်ဓာတ်ဟာ ဤမျှ လေးစားစရာကောင်းသည်လား ။

ကုတင်အပြည့် လူတွေရှိပေမယ့် စိုင်းလံနော့ ၏ အပေါ်က ကုတင်တွင် လူမရှိပါ ။ ကျွန်တော် အဲ့နေရာ မှာ အိပ်ဖို့ စဉ်းစားလိုက်ပေမယ့် မဖြစ် ။ ကျွန်တော် လူလို နားလည်ပါသည် ။ ကျွန်တော် ခွင့်ပြုချက် မပါပါပဲ ကုတင်တစ်ခုတွင် မအိပ်ချင်ပါ ။ ဤ စားပွဲ အရှည်ကြီးတွင်လည်း ကွန်ပြူတာ ၁၁ လုံးရှိသည် ။ ကျွန်တော် စားခဲ့တာတွေ ရှင်းလင်းပြီး နေရာ လွတ်နေတဲ့ စားပွဲရှည်ကြီးရဲ့ နေရာတစ်ကွက်မှာပဲ ခေါင်းချပြီး အိပ်လိုက်သည် ။ ကျွန်တော် ဒီနေ့ မေးခွန်းအများကြီး မေးခဲ့သည် ။

×××

နောက်တစ်ပိုင်း is coming .

Wednesday , September 9 , 2020

လွန်  (Over) // Completed // Where stories live. Discover now