အခန်း ၁၆ - နေရောင်ခြည် ။ ( Zawgyi )

374 24 0
                                    

ကျွန်တော် အကိုလံနော့ ကိုစောင့်နေမိသည် ။ သူ့ကို မေးချင်တာရှိသည် ၊ ဘာလို့ သူများ လူနာကို လုတာလဲဆိုတာ ။ နာ့စ် တွေကိုလဲ မမေးချင်တော့ ကိုယ်တိုင်ပဲ ရှင်းမည် ။သူ့ကိုမေးပြီးတာ နဲ့ အိမ်ပြန်မည် ။

၃ နာရီတောင်ကြာသွားပြီဖြစ်သည် ။ သူပေးတဲ့ အင်္ကျီ ဘောင်းဘီး ကိုသဘောမကျပါ ။

နောက်ထပ် တစ်နာရီကြာတော့ သူ ထွက်လာသည် ။ သူ လက်ဆေးပြီးချိန်မှာ သူ့ရှေ့မှာ ပိတ်ရပ်လိုက်သည် ။

'ဒီမှာ !!! အခုထိ သူက ကျွန်တော့် လူနာပဲနော် ။ ကျွန်တော်က သူ့ရဲ့ တာဝန်ခံဆရာဝန်ပဲ ။ အဲ့တာကို ခင်ဗျားက တာဝန်ခံဆရာဝန် ရဲ့ ခွင့်ပြုချက် မပါပဲ သူ့လူနာကို ခွဲစိတ်တာ မလွန်ဘူးလား ။ '

သူက တစ်ချက်သက်ပြင်းချလိုက်သည် ။ 

'မင်းလူနာကိုငါခွဲချင်လို့ ခွဲတာ မဟုတ်ဘူး ။ ချုပ်ရိုးကလဲ အဆင်မပြေသလို arrest လဲ ဖြစ်တော့မယ် ။ ပြီးတော့ မင်းသွေးကြောတွေကို ဆက်တာ မှားနေတယ် ! မင်းခွဲစိတ်လိုက်တဲ့ အချိန်မှာလဲ သူ့အဆုတ်က အားနည်းနေတယ် ။ သူ့မှာ အောက်ဆီဂျင်ကောင်းကောင်းရမနေဘူး ! '

ကျွန်တော် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည် ။

'အဲ့တော့ ခင်ဗျားပြောချင်တဲ့ သဘောက ကျွန်တော်ခွဲစိတ်တာမှာ မှားယွင်းမှု ရှိသွားတယ်ပေါ့ ။ '

ကျွန်တော့် မျက်စိရှေ့က ကောင်လေးကို အနည်းငယ် အံ့သြ မိသည် ။ ဒါလေးပြောလိုက်တာကို ငိုမဲ့မဲ့ လေးဖြစ်နေသည် ။

'အင်း..ဟုတ်တယ် ။ ကျွန်တော်က ဒီတိုင်း မေမေ့လိုတော်ချင်တာ ။ မေမေ့လို အတော်ဆုံး ခွဲစိတ်ဆရာဝန် ဖြစ်ချင်တာ ။ ဘာအမှားမှမရှိပဲ ။ '

သူက သူ့လက်လေးနဲ့ ပါးစပ်ကို အုပ်ရင်း ကျွန်တော့် ရင်ဘတ်တည့်တည့်ကို ခေါင်းစိုက်ပြီးငိုနေသည် ။

'ခန...ခန နေဉီး ညီ ။ ကိုယ်ပြောပြမယ် အတော်ဆုံးဆိုတာ ဘာအမှားအယွင်းမှ မရှိပဲဖြစ်မလာဘူး ညီ ။ '

ကျွန်တော့်ကို ညီ လို့ အကိုလံနော့ တစ်ခါမှ မခေါ်ဘူးပါ ။ သူအဲ့လို ခေါ်တာ နွေးထွေးတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရသည် ။ ကျွန်တော် သူ့ကို မော့ကြည့်လိုက်သည် ။

လွန်  (Over) // Completed // Where stories live. Discover now