ကျွန်တော် ဆေးရုံအုပ်ကြီး ရုံးခန်းထဲ ၀င်သွားလိုက်သည် ။
'အဆင်ပြေလားဗျ ။ '
'အင်း ပြေလားဆိုတော့ ပြေပါတယ် ။ '
ဆေးရုံအုပ်ကြီးက ရုံးဆင်းတော့မည့်ပုံပင် ။
'ခနလေး ... ကျွန်တော် project အတွက်မလုပ်သေးတာက ဆေးရုံကိုလေ့လာနေလို့ပါ ။ လူနည်းနည်းလေးနဲ့ လုပ်လို့ရတဲ့မဟုတ်ပါဘူး ။ အစိုးရရဲ့ ခွင့်ပြုချက်ရပြီးပြီ ဆိုပေမယ့်ပေါ့ ။ '
'ရတယ် ။ ကြိုက်သလောက် အချိန်ယူပါ ။ အကောင်းဆုံး လုပ်ရင်ရပြီ ။ '
'ဟုတ်ဒါဆို ကောင်းကောင်းသွားပါ ။ '
ကျွန်တော် အရင်ဆုံး ဆေးရုံအုပ်ကြီး ရုံးခန်းထဲက ထွက်သွားလိုက်သည် ။
'သြော် ... ဒေါက်တာ ။ ကျွန်တော်ဒေါက်တာနဲ့ ဆွေးနွှေးချင်လို့ပါ ။ '
ဒေါက်တာ ခိုင်လတ် ရုံးခန်းထဲမှာ ဖြစ်သည် ။
'ညီက ဘာဖြစ်လို့လဲခင်ဗျ ။ '
'ကျွန်တော့်မှာ PTSD ရှိတယ် ။ အဲ့ဒါမသက်သာဘူး ။ '
'အကြောင်းကိုသိမှ အကျိုးကို ပြင်လို့ရမှာပါ ။ ညီ့မှာ ဘာစိတ်ဝေဒနာရှိလို့လဲ ... '
~~~
ကျောင်းက ပြန်လာလာချင်း ဆေးရုံကိုသာ တန်းသွားလိုက်သည် ။ ဆေးရုံအုပ်ကြီး ကိုပြောစရာရှိလို့ပင် ။ ကျွန်တော် လှေကားပေါ်တက်တက်ချင်း အကိုလံနော့ကို သတိရသွားသည် ။ သူက ဒီနေ့ ကျောင်းမတက်ဟု သိရသည် ။ မနေ့ည ခွဲခန်းပြီးကတည်းက သူ့ကို မတွေ့မိ ။
အပေါ်ထပ် ကော်ရေတာမှာ မနေ့က နှလုံး ခွဲစိတ်မှုခံယူထားသည့် လူနာက ဆေးရုံအုပ်ကြီး ရှေ့တွင်ဒူးထောက်နေသည် ။
'ကျွန်တော့်ကို ခွဲစိတ်ပေးခဲ့လို့ကျေးဇူးပါ ။ ခွင့်ပြုချက်မပါပဲ ခွဲစိတ်လိုက်လို့ စိတ်မပူပါနဲ့ ။ ကျွန်တော် ကျွန်တော့် အမေအစား တောင်းပန်ပါတယ် ။ '
'လူနာ... ထပါ ။ ကိစ္စမရှိပါဘူး ။ '
သူတို့ ထပ်ပြောသည်ကို မကြားရတော့ ။ ကျွန်တော့်ဘေးကို ဒေါက်တာ ခိုင်လတ်က ရောက်လာပြီး မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို သူတို့ဘာဖြစ်တာလဲ ဆိုသည့်သဘောနဲ့ မေးငေါ့ပြသည် ။ ဟိုလူနာရဲ့ အသံက ပြန်ကျယ်လာသည်မို့ ကြားရပြီ ။