အခန်း ၇ - အရေးပေါ်လူနာ ။ ( Zawgyi )

637 32 0
                                    

အခန်း ၇ - အရေးပေါ်လူနာ ။

တွေ့ပါပြီ ။ အိမ်သာထဲမှာ ၊ ဘေစင်က မှန်ကို သူက တသသ ကြည့်နေသည် ။

'ဒီမှာ ခင်ဗျား ဆေးရုံအုပ်ကြီးကို သူတို့ DNR လုပ်ထားတယ်ဆိုတာ မရှင်းပြဘူးလား ။ '

'ငါ ပြောမလို့ပဲလေ မင်းက ဖြတ်ပြောတော့ ငါက ဘာသွားပြောရမလဲ ။ '

ထိုလူက မှန်ထဲကနေ တစ်ဆင့်ပဲ သူ့ကို ကြည့်ပြောသည် ။

'ဟားဟား...နားနေခန်းက ဘယ်မှာလဲ ။ '

'ငါက ဘာကိစ္စပြောပြရမှာလဲ ။ '

'ခင်ဗျားက project တစ်ခုမှာ ကျွန်တော့် လက်အောက်က လူပဲ ။ '

~~~

လွန်ခဲ့သော မိနစ် အနည်းငယ် ခန့်က

ကျွန်တော် တံခါး တွန်းမဖွင့်ခင် စကားတစ်ခွန်းပြောလိုက်သည် ။

'ပြီးတော့ ကျွန်တော် တစ်ခုထပ်တောင်းဆိုမယ် ။ စိုင်းလံနော့ကို အခု project အတွက် ကျွန်တော့် လက်ထောက်အဖြစ် ထားပေးနိုင်မလား ။ '

ကျွန်တော် ဆေးရုံအုပ်ကြီး ဘက်ကို လှည့်ပြီး ပြောလိုက်သည် ။

'သေချာတာပေါ့..ရတယ်..ငါအခုသူ့ကို ပြောပေးမယ် ။ '

'မဟုတ်ဘူး နောက် မိနစ် ၃၀ လောက်မှ ။ '

~~~

'Love...love..love..i want your love'

lady gaga ရဲ့  bad romance သီချင်းက ဟိန်းစွာ ပေါ်ထွက်လာသည် ။

'ဟယ်လို ဆေးရုံအုပ်ကြီး ။ '

မှန်ထဲက တစ်ဆင့် ထိုလူ့ရဲ့ မျက်နှာကို မြင်နေရသည် ။

'ဗျာ...ကျွန်တော်က သူ့ရဲ့ လက်ထောက် ... ? '

မှန်ထဲကနေ စိုင်းလံနော့ ရဲ့ အံ့သြ မှုနဲ့ အတူ ကျိန်ဆဲနေမှုကို ခန့်မှန်းလို့ရနေသည် ။ သူက ဖုန်းချ လိုက်ပြီး ဇွဲလွန်းသူ ဘက်ကို လှည့်ကြည့်လာသည် ။

'ဘာ project လဲ ။ '

'ဟားဟားဟား... မနက်ဖြန် ရောက်ရင်သိရလိမ့်မယ် ။ အခု အိမ်ပြန်ဉီးမယ် ။ '

'သောက်ကျင့်ယုတ်တဲ့ အကောင် ။ '

စိုင်းလံနော့ ဆီက ဆဲဆို မှုကို ကြားနေရပေမယ့် မသိချင်ယောင်ဆောင်လိုက်သည် ။

လွန်  (Over) // Completed // Where stories live. Discover now