အခန်း ၁၄ - Bad Romance ( Zawgyi )

459 26 0
                                    

'အဲ...အစ်မ လာမိတာ မှားသွားပြီထင်တယ် ။ '

အသံလာရာကို နှစ်ယောက်လုံး လှည့်ကြိုက်လိုက်တော့ ပါမောက္ခ ဆယ်(လ်) ။ သူက လှည့်ထွက်သွားသည် ။ ကျွန်တော် တို့ နှစ်ယောက်လုံး သေချာ ပြန်ထိုင်လိုက်သည် ။

'အဟမ်း!!! ကျွန်တော် အင်္ကျီသွားလဲ လိုက်ဉီးမယ် ။ '

ကျွန်တော် ထလိုက်သည့် အချိန် စိုင်းလံနော့က ကျွန်တော့် လက်ကို လှမ်းဆွဲသည် ။

'ခနနေဉီး ... စနေနေ့ ရောက်ပြီဆိုတော့ မင်းလဲနားတယ် ၊ ငါလဲ နားတယ်လေ ။ ငါ့အိမ်မှာ လိုက်အိပ်မလား ။ '

ကျွန်တော် သူ့ဘက်ကို လှည့်ကြိုက်လိုက်သည် ။

ဒီကောင်လေး ကျွန်တော့်ကိုများပြုစားနေတာလားမသိဘူး ။ သူ့အကြည့်တွေက စူးရှလွန်းလှသည် ။ ကျွန်တော် သူ့အဖြေကို စောင့်နေမိသည် ။

'အိမ္ဘယ္မွာလဲ ။ သွားမယ် ၊ အိပ်ချင်နေပြီ ။ '

သူဖြေလိုက်တဲ့ အဖြေကြောင့် ရင်ခုန်သွားသည် ။

'အင်း..အင်း သွားမယ် ။ အင်္ကျီမလဲနဲ့တော့ ၊ ငါ့ အင်္ကျီပေးမယ်လေ ။ '

'ဒါနဲ့ လက်လွှတ်ပါဉီးလား ။ '

သူက ကျွန်တော့် လက်ကို မေးငေါ့ပြီးပြောသည် ။

'သြော် အင်း ။ '

ကျွန်တော် စကားတွေ အရောင်မှားမှားဖြစ်လာသည် ။

'အိမ်က ဆေးရုံနဲ့ နီးနီးလေး ၅ မိနစ်လောက် လမ်းလျှောက်တာနဲ့ရောက်တယ် ။ '

'အင်း ၊ မြန်မြန်လျှောက်မယ် ။ ဗိုက်ဆာနေပြီ ။ '

ဆေးရုံ အပြင်မှာ ဇွဲလွန်းသူရဲ့ ရီဝေစွာ စကားပြောနေသည့် ပုံလေးက ချစ်စရာလေးပင် ။

'ငါ မင်းကို ကျောပိုးပေးရမလား ။ '

'အင်း ၊ ရတယ်လေ ။ '

ကျွန်တော် အရှေ့က စိုင်းလွန်သူရဲ့ ကျောပြင်ကို ကြည့်ပြီး စိတ်လှုပ်ရှားမိသည် ။ စိတ်လှုပ်ရှားတယ်ဆို တာထပ် ရင်ခုန်တာဆိုပိုမှန်မည် ။ အဲ ... ရင်ခုန်တာဆို သူ့ကိုကြိုက်နေတာ ဖြစ်သွားမည် ။

ဟင့်အင်း မကြိုက်ပါဘူး ။ နှစ်ခါပဲ နမ်းဘူးတာ ။

'အဲ့တာဆို တက်ပြီနော် ။ '

ကျွန်တော့် ပါးကို သူ့ကျောပြင်ပေါ် အပ်လိုက်သည် ။ ညလေသည် အေးမြသည် ။ လမ်းပေါ်တွင် လူတစ်ယောက်မျှ မရှိပါ ။

'ခင်ဗျား အိမ်မှာ ဘာစားစရာ ရှိလဲ ။ '

စိုင်းလံနော့က နည်းနည်းမှ မောဟန်မတူ ။

'အင်း ၊ ခေါက်ဆွဲပြုတ်ပဲ ရှိတယ် ။ '

'shit!!! အိမ်မှာ ဘာအစားအစာမှမရှိဘူး ? တစ်ယောက်ထဲ နေတာလား ။ '

'အင်း... ဟုတ်တယ် ။ အဖေ နဲ့ အမေက နယ်မှာ ။ ငါက စားရင် ၀ယ်စားတာ ဘာဖြစ် လို့လဲ ။ '

'အင်း... ဘာမှ မဖြစ်ပါဘူး ။ '

စိုင်းလံနော့ ကို လူတစ်ယောက်က ဖုန်းပြောရင်း ၀င်တိုက်သွားသည် ။

'အမေရာ... ဘာလို့ အဲ့...ကို အဲ့လိုလုပ်မှာလဲ ။ '

ဖုန်းပြောသွားသည့် ယောကျာ်းကြီးရဲ့ စကားကို အနည်းငယ်ကြားလိုက်ရသည် ။ ထားပါလေ အဲ့တာ ကျွန်တော့် အလုပ်မှမဟုတ်ပဲ ။

'ကဲ ရောက်ပါပြီဗျာ ။ ဆင်းတော့ ။ '

ကျွန်တော် စိုင်းလံနော့ ပေါ်က ဆင်းလိုက်သည် ။ သူ့အိမ်သည် ၃ ထပ်တောင်ရှိသည် ။ အနည်းငယ်ကျဉ်းပေမယ့် ကြည့်လို့ အဆင်ပြေသည် ။

သူက တံခါး ဖွင့်ပြီး မီးခလုတ်ကို ဖွင့်လိုက်သည် ။ သူ့အိမ်ကို ထိုင်ကြည့် မနေနိုင် ။ အနီးဆုံး ဆိုဖာကို ထိုင်ပြီး မျက်လုံး မှိတ်လိုက်သည် ။

'ခေါက်ဆွဲပြုတ်ပြီးရင် နှိုးလိုက် ။ '

ကျွန်တော် ငမူးလေး ​လုပ်ခိုင်းသည့် ခေါက်ဆွဲပြုတ် လုပ်ဖို့ ရေနွေးတည်လိုက်သည် ။ရေနွေးရတော့ မားမား ခေါက်ဆွဲ ပြုတ် ကို ဖောက်ပြီးခေါက်ဆွဲကို ရေနွေးထဲထည့်လိုက်သည် ။ နောက်ထပ်တစ်ထုပ်ပါ ထည့်လိုက်သည် ။

ကျွန်တော်လဲ ဗိုက်ဆာသည်ကိုး ။ အနှစ်ထုတ်တွေ အကုန်ဖောက်ထည့်လိုက်သည် ။ သံပုရာသီး တစ်လုံးယူပြီး ခြမ်းလိုက်ကာ နှစ်စိတ်လုံး ညှစ်ထည့်လိုက်သည် ။ ဟိုတစ်ခေါက်က အစ်မလာတုန်းက ပုစွန်ဝယ်ပေးထားသည်မို့ ရေခဲ သေတ္တာထဲက ယူကာ ထည့်လိုက်သည် ။ အနံ့လေး သင်းနေပြီ ဖြစ်သည် ။ ဇလုံ ခပ်ကြီးကြီး တစ်ခုကို ယူကာ ထည့်လိုက်သည် ။

သူ့ကို စချင်တာကြောင့် ဇွန်း နဲ့  တူ ကို တစ်စုံ နဲ့ တစ်ခုသာ ယူလိုက်သည် ။

'ရပါပြီဗျာ... ထတော့ ။ '

ငမူးလေး ရဲ့ ပါးကို ပုတ်ပြီး နှိုးလိုက်သည် ။

'အင်း.. ခွံ့ကျွေး ။ '

အဲ့နေ့က မျက်လုံးလေးမှိတ်နေတဲ့သူကို ခေါက်ဆွဲပြုတ်ခွံ့ကျွေးရသေးသည် ။ ပြီးတော့ ဆိုဖာ မှာပဲ တူတူ ဖက်အိပ်လိုက်သည် ။

×××

Wednesday , September 16 , 2020

လွန်  (Over) // Completed // Where stories live. Discover now