အခန်း ၂၂ - အကျင့်ပျက်ခြစားမှု ။ (Unicode)

585 38 0
                                    

အချိန်တွေ ကုန်သွားခဲ့ပြီ ဖြစ်သည် ။ ကျွန်တော် ပထမနှစ် ပြီးသွားပြီ ။ အခု ကျောင်းပိတ်သည့် ကာလပင် ။

ကျွန်တော် ဆေးရုံအုပ်ကြီး ရုံးခန်းတံခါးကို သုံးချက်တိတိ ခေါက်လိုက်သည် ။

'၀င်ခဲ့ပါ ။ '

ကျွန်တော် တံခါးကို ဖွင့်ပြီး ၀င်လိုက်သည် ။

'သြော် ... မင်းပါလား ။ လာလေ  ထိုင်ပါ ။ '

'ရတယ် တော်ပြီ ။ ပြောစရာ ရှိတာပဲ ပြောတော့မယ် ။ ကျွန်တော် ဟို project အတွက် ဆေးရုံ၀န်ထမ်းတချို့ကို ခေါ်ချင်တယ် ။ ရမလား မသိဘူး ။ '

'အင်း ... ပြောကြည့်လေ ။ '

'အိုကေ ... ဒေါက်တာ L , ဒေါက်တာအောင်မင်း , ဒေါက်တာ ဆယ်(လ်) , အစ်မ ကြယ်စင်နှင်းဖြူ နဲ့ အစ်ကို စိုင်းလံနော့ အဆင်ပြေမလားဗျ ။ '

ဆေးရုံအုပ်ကြီးက ခေါင်းတစ်ချက် ငြိမ့်သည် ။

'ခေါ်မယ့်ခေါ် တစ်ခါတည်း ဋ္ဌာန ပေါင်းစုံက လူတွေ ပါခေါ်ပါလား ။ အလောင်းခွဲစိတ်က ဒေါက်တာ အောင်ဖြိုးလတ် ၊ စိတ်ကျန်းမာရေးဋ္ဌာနက ဒေါက်တာ ခိုင်လတ် ရယ် ဒုမန်နေဂျာရယ် ပါ ခေါ်သွားလေ ။ ထားရမယ့် နေရာ ၊ ရွာ ၊ ပစ္စည်းတွေ အတင်အချ အကုန်ဆိုရင် ဆေးရုံ မန်နေဂျာက မပါ မဖြစ်ပဲ ။ '

အလောင်းခွဲစိတ် ဋ္ဌာန နှင့် စိတ်ကျန်းမာရေးဋ္ဌာန တို့သည် ဟိုတစ်လောကမှ ဖွင့်လိုက်သည့် ဋ္ဌာန အသစ်ဖြစ်သည် ။ ဒုမန်နေဂျာက လဲ အသစ်ရွေးလိုက်ခြင်းပင် ။ နှလုံးခွဲစိတ်ပေးခဲ့ရသည့် လူနာ ဘုန်းကျော်အောင် သည် ယခု ဒီဆေးရုံကြီး ၏ ဒုမန်နေဂျာ ပင် ဖြစ်နေပြီ ဖြစ်သည် ။

အစ်ကို လံနော့ နှင့် အစ်မ ကြယ်စင် တို့ပင် ဒီပလိုမာ အတွက် သင်နေပြီ ဖြစ်သည် ။ အမှန်ဆို အလောင်းခွဲစိတ်က လူကို မလို ၊ အထူးသဖြင့် ဟိုလူဖြစ်နေသည့် အတွက် ။ ဒါပေမယ့် ဆေးရုံအုပ်ကြီးက ပေးလိုက်သည်ဆိုတော့ အကူအညီ ရရ မရရ ခေါ်သွားမည် ။

'ဟုတ်ကဲ့ ဒါဆို ဆေးရုံအုပ်ကြီးပဲ သူတို့ကို ပြောလိုက်ပါ ။ ဒီနေ့ ပြင်ဆင်ထားပြီး မနက်ဖြန် ကို မှော်ဘီ ဘက်သွားမယ် ။ အဲ့အတွက် အားလုံးကို ကြိုပြင်ဆင်လိုက်ခိုင်းပါ ။ '

လွန်  (Over) // Completed // Where stories live. Discover now