မနက် ၆ နာရီ အချိန်တွင် လေအေးပေးစက် ဖွင့်ထားသည့် express ကားပေါ်တက်လိုက်သည့်အခါတွင် ဖြစ်ပေါ်လာသည့် ခံစားချက်သည် ဖော်ပြလို့မရပေ ။ ကျွန်တော်နဲ့ အစ်ကို လံနော့ တူတူထိုင်မှာ ဖြစ်သည် ။ မှော်ဘီဘက်က ရွာတစ်ရွာကို သွားမှာဖြစ်ပြီး ဘယ်လောက်မှ ကြာမည်မဟုတ်ပါ ။ အနည်း ၂ နာရီ ၃ နာရီလောက်ပင် ။
'ကျွန်တော်ကားမူးတတ်လို့ အဲ့တာ ပြတင်းပေါက်နားမှာ ထိုင်ချင်တယ် ။ '
'အင်းရတယ်လေ ... ကိုယ်ကားမမူးတတ်ဘူး ။ '
အသီးသီး နေရာ ယူပြီးသည့် အချိန်တွင် ခြောက်နာရီခွဲနေပြီ ဖြစ်သည် ။ ကားကို ကျွန်တော်တို့ ချည်းပဲ သီးသန့်ငှားထားသည် မို့ အပြင်လူမပါပေ ။ ကျွန်တော်တို့ သွားမည့်နေရာက ကျန်းမာရေးစင်တာရှိသည် ၊ သို့ပေမယ့် ဆေးပစ္စည်း အပြည့်အစုံ မရှိပေ ။
ကျွန်တော် တစ်ချက်သန်းလိုက်ပြီး ပြတင်းပေါက် အပြင်ကို ငေးကြည့်နေလိုက်သည် ။ ရုတ်တရပ် အစ်ကိုလံနော့ ရဲ့ အပြုအမူကြောင့် ပြုံးလိုက်သည် ။ သူက ကျွန်တော့် ပခုံးတစ်ဖက်ပေါ်လာမှီသည် ။
'ငြိမ်ငြိမ်နေနော် ။ ကိုယ်မနေ့က သရဲကားတစ်ကားကြည့်နေတာနဲ့ နောက်ကျမှ အိပ်လိုက်ရတယ် ။ '
ကျွန်တော် တစ်ချက်ရယ်ပြီး သူ့ကို ခေါင်းစောင်းကြည့်လိုက်သည် ။
'ကလေးဆန်လိုက်တာ ... '
သူက ကျွန်တော့် ပေါင်ပေါ်က လက်တစ်ဖက်ကို သူ့လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည် ။
'ကိုယ် ညီ့ကို ချစ်တယ် ... '
နောက်တစ်ချက်ထပ်ပြုံးလိုက်သည် ။
'အင်း ... တိတ်တိတ်နေ ... သီချင်းနားထောင်မယ် ။ '
နားကြပ်ကို တစ်ယောက်တစ်ဖက် တပ်လိုက်သည် ။ သီချင်းမှာ adele ရဲ့ Someone Like You ဖြစ်သည် ။ သံစဥ်အေးအေးလေးနှင့် ယခု အခြေအနေသည် အံကိုက်ပဲ မဟုတ်လား ။
'Never mind i'll find someone like you ... '
အသံကို အနည်းငယ် နှိုမ့်ကာ သီဆိုလိုက်သည် ။
'၀ါး ... ညီ့ အသံလေးကကောင်းလိုက်တာ ။ '
'ဒါနဲ့ အစ်ကိုရော adele ကို ကြိုက်လား ? '