အခန်း ၁၁ - တူညီသော ။ ( Unicode )

607 55 6
                                    

'ကိုယ် အရင်တောင်းဆို ချင်တာရှိတယ် ။ ကိုယ့်ကို ခင်ဗျား လို့ မခေါ်ပဲ ကိုကိုလို့ခေါ်ပါလား ။ '

သူ ဘာလို့ အဲ့လို ကြားလိုက်တာလဲ ဆိုတာ အခုထိ စဥ်းစားလို့မရသေးပါ ။ အကို လို့ခေါ်ခိုင်းတာကို ကိုကို လို့ ခေါ်ခိုင်းတာလို့ ကြားတယ်ဆိုတော့ တစ်ခုခုချို့ယွင်းနေတာပဲဖြစ်မည် ။ မနက်ဖြန် ဆေးရုံမှာ အလုပ်လာလုပ်စရာ မလိုပေမယ့်လဲ သူအချိန်ပို ဆင်းလိုက်ပါမည် ။

ပထမဆုံး အလုပ်စ၀င်တဲ့နေ့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်သွားသောက်ဖို့ လုပ်ထားသည် ။  အားလုံးပေါင်း ၅ ယောက် ။ ကျွန်တော်ရယ် ၊ အကိုရယ် ၊ အဲ သူ့ကို ကျွန်တော် အကိုလို့ ခေါ်မိပြီ ။ ထားပါ ။ အကိုရယ် ၊ အစ်မကြယ်စင်နှင်းဖြူရယ် ၊ အစ်မ ဆယ်(လ်) ရယ် ၊ မေ့ဆေးဆရာ၀န် ဒေါက်တာ L တို့နဲ့ သွားမှာ ဖြစ်သည် ။ တခြားသူတွေက လိုက်ချင်ပေမယ့် သူတို့က တာ၀န်ချိန်ရှိသေးသည် ။ အခု ည ၁၀ နာရီ ထိုးပြီ ဖြစ်ပေမယ့် အနီးဆုံး ဘား တစ်ခုကို သွားဖို့ လုပ်လိုက်သည် ။

ကျွန်တော်တို့သောက်မှရမည် ။ ဆေးရုံတစ်ရုံလုံးက ၀န်ထမ်းတွေ တစ်ယောက်မှ စိတ်အခြေအနေ ​ကောင်းနေသည် မဟုတ် ။ ကျောင်းက ပြန်လာချင်း မီးလောင်တဲ့ လူနာ ရောက်လာတာ အချိန်မမှီပဲ ဆေးရုံမှာတင် ဆုံးသွားသည် ။

ခန လောက်လဲ နေကော ဦးနှောက် ကင်ဆာ နောက်ဆုံး အဆင့်နဲ့ ခွဲခန်းထဲက ထွက်လာသည့် သူက arrest ဖြစ်လို့ CPR လုပ်ပေမယ့် ဆုံးသွားသည် ။ အဲ့တာကို သူ့ သူငယ်ချင်းလား ချစ်သူကောင်လေးလားမသိဘူး ကျွန်တော် တို့ကို ပြဿနာရှာသေးသည် ။ ညနေ ခင်းလဲရောက်ရော ခွဲစိတ်ခန်းထဲမှာ ပြဿနာတစ်ခုဖြစ်လို့ သွားရသေးသည် ။

အလုပ်သင်ဆရာ၀န်တစ်ယောက် ခွဲစိတ်နေရင်း သွေးကြောမှားဖြတ်မိလို့ သွေးထွက်လွန်သည်တဲ့ ။ ပြီးတော့ ဒေါက်တာ အောင်မင်းနဲ့ စိုင်းလံနော့က သွားတော့ အဲ့ အလုပ်သင်ဆရာ၀န်က ဘာမှ ဆက်မလုပ်ပဲ သွေးထွက်လွန်နေတဲ့ လူနာကို ကြောင်ပြီးရပ်ကြည့်နေသည် ။

အချိန်မမှီတော့ ။ သွေးထွက်လွန်ပြီး ခွဲစိတ်ခန်းထဲမှာ ပဲဆုံးသွားသည် ။ အဲ့ ဆရာ၀န်ကိုတော့  လူနာရှင်တွေက တိုင်ထားသည် ။ မနက်ဖြန် မှ သေချာစစ်ဆေးပြီး အပြစ်ပေးမည်တဲ့ ။

လွန်  (Over) // Completed // Where stories live. Discover now