အခန်း ၂ - ဉီးတည်ချက် ( Zawgyi )

1.6K 63 0
                                    

'ငါကတော့ ဒီလို လုပ်ရမှ ကျေနပ်တာဆိုတော့ ။ ဟုတ်ပြီလေ လွှတ်ပေးရမှာပေါ့ ။ '

ဇွဲလွန်းသူ သူနှင့်မဆိုင်သလို ဆံပင်ကို လွှတ်လိုက်ပြီး သူ့အခန်းသူ သွားလိုက်သည် ။ သူ့မှာ ကျောင်းနောက်ကျတယ်ဆိုတာ ဘယ်တော့မှမရှိ ။ နေ့တိုင်း အချိန်စာရင်း နဲ့ပဲ သွားသည် ၊ လုပ်သည် ။

'ဆရာမ ခနလောက် ။ '

အခန်းထဲကို လူတွေ ၅ ယောက်လောက်ဝင်လာပြီး ဆရာမကို စကားပြောနေသည် ။ ဆရာမ ခနလောက် ဆိုတာပဲ ကြားလိုက်ရသည် ။

'အားလုံးပဲ မင်္ဂလာပါ ။ အကိုတို့က နောက်ဆုံးနှစ်ကပါ ။ ညီလေးတို့ ညီမလေးတို့ ရဲ့ စီနီယာပါ ။ အခုလာတာက welcome လုပ်ဖို့ပါ ။ အကိုတို့ welcome လုပ်ဖို့ကို နောက်တစ်ပတ် ၊ ဗုဒ္ဓဟူးနေ့ ည ၆ နာရီ ၊ Golden Park မှာ လုပ်မှာပါ ။ အကိုတို့ အဲ့ကို တစ်နေ့လုံးငှားထားတာပါ ။ king နဲ့ queen ကိုတော့ ဒီအကိုဆီမှာ စာရင်းလာပေးလို့ရပါတယ် ။ '

အလယ်က အကို တစ်ယောက်က ပြောပြီး သူ့ဘေးက သူကို လက်ညှိုးထိုးလိုက်သည် ။

'အားလုံး မနက်ဖြန် နောက်ဆုံး ထားပြီး လာပေးကြပါ ။ '

ထို သူတို့ ထွက်သွားတဲ့ အချိန်ထိ သူ ဘာပုံမှမပျက် ။ အတန်းထဲက ကောင်မလေးတွေကတော့ ' ချောလိုက်တာတို့ ' ဘာတို့ တို့တိတို့တိ ပြောနေကြသည် ။ သူ king ပြိုင်ဖို့ အတွက် စာရင်းပေးချင်ပေမယ့် ပေးလဲမပေးချင် ။ ပေးချင်တာက 'ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ ၊ ဘ၀ကို စနစ်ကျကျရှင်သန်ပါ ၊ ကိုယ်လုပ်သမျှ အလုပ်တိုင်းကို အကောင်းဆုံးလုပ်ပါ ။ ' ဆိုတဲ့ မိန့်ခွန်း တစ်ခုကြောင့်ပင် ။ သူ ထိုအလုပ်ကို လုပ်နိုင်သည် ၊ သူ့အတွက်ဘာမှ ပင်ပန်းစရာမှ မရှိပဲ ။ ဒါပေမယ့် အဓိပ္ပာယ်မရှိဘူး ။ အဲ့ အဆိုအမိန့်နဲ့ ဒါနဲ့က ဘာမှမှ မဆိုင်တာ ၊ ငါက ဘာလုပ်ရမှာ အဟက် ။

'Ha..How you like that...'

သူ့ ဖုန်းအသံဟာ ဟိန်းခနဲ အခန်းထဲကို ပေါ်ထွက်လာသည် ။ တော်သေးတယ် ဆရာမ မရှိလို့ ဟုသာတွေးပြီး ဖုန်းဆက်သူကို ကြည့်လိုက်သည် ။ နံပါတ်အစိမ်း ။ သူမျက်မှောင်ကြုံ့လိုက်သည် ။ လူမှုရေးအရ ကိုင်ရမှာဆိုတော့ လဲ ကိုင်လိုက်သည် ။

လွန်  (Over) // Completed // Where stories live. Discover now