ကျွန်တော် အလွန်ပင် ကြောင် ၊ အ သွားသည် ။
'ဗျာ..ဗျ..မဟုတ်ပါဘူး ။ '
ကျွန်တော်နဲ့ ဟိုလူ့ဆီ မှ အသံပြိုင်တူ ထွက်လာသည် ။
'အဟမ်းးး...အေးပါ ။ မဟုတ်နဲ့ပေါ့ ။ ညနေ ၅ နာရီတောင်ရှိပြီ ၊ ကော်ဖီ လေးဘာလေး သွားသောက်မှပါ ။ မောင်ငှက် လိုက်ဦးမလား ။ ကောင်လေးရော ။ '
'ခွီး...မောင်ငှက်တဲ့ အဟားဟား ။ '
ကျွန်တော် ဟားတိုက်ရယ်မိသည် ။
'ဟာ..ဒေါက်တာ တို့ကလဲ အဲ့လို မခေါ်ပါနဲ့ဆို ။ '
ဟိုလူက လည်ပင်း ကို အနည်းငယ် ကုတ်ပြီး ရှက်နေသလိုလိုပြောသည် ။
' တစ်ခါတစ်လေ ပဲ ခေါ်တာပါ ။ အမြဲ မောင်လံနော့ လို့ပဲ ခေါ်နေကြကို ။ '
'သြော်..ထား...'
'လိုက်မယ်လေ ၊ မဒမ် ။ '
'အိုကေ.. မောင်လံနော့ကော ? '
'ကျစ် .. မင်းက အဲ့လို သူများစကားဖြတ်ပြောရတာ ကြိုက်တာလား ? ဟုတ် လိုက်မယ် ။ '
coffee ဆိုလို့လဲ ဆေးရုံဘေးမှာ ရှိတဲ့ coffee ဆိုင်သေးသေးလေးကိုသာ သွားမည် ဖြစ်သည် ။
'အရေးပေါ်လူနာ ! '
ကော်ရေတာ ကြီးကနေ ကယ်ဆယ်ရေးသမားနဲ့ ကုတင်ပေါ်က အသက်ခပ်ကြီးကြီး ဦးလေးကြီးတစ်ယောက် ။
'BP ဘယ်လောက်လဲ .. '
ဟိုလူက bp ဘယ်လောက်လဲလို့ လျှင်မြန်စွာ ဟိုနားသွားပြီးမေးလိုက်သည် ။'140 / 90 mmbg ပါ ။ '
ကယ်ဆယ်ရေးသမားကပြန်ဖြေသည့် မြင်ကွင်းကို ကျွန်တော် ပန်းချီကား တစ်ချက်သဖွယ်ကြည့်နေမိသည် ။
'ကောင်လေး... ဒီမှာ အရေးပေါ်ဋ္ဌာနက ဆရာ၀န် တစ်ယောက်မှ မရှိဘူး ။ အဲ့တော့ အထွေထွေ ကုသ ဆရာ၀န်ကိုသွားခေါ်လိုက်မယ် ။ အခု မောင်လံနော့ကို သွားကူညီပေးလိုက် ။ '
ပြောချင်တာပြောပြီး ပြေးထွက်သွားသည် ထို အမျိုးသမီးက ။
'ဘယ်လိုဖြစ်တာလဲ !! '
ဟိုလူက အော်မေးလိုက်သည် ။
'Aorta ခွဲစိတ်ထားတဲ့ လူနာပါ ။ လွန်ခဲ့တဲ့ တစ်ပတ်ကပါ ။ CPE လူနာပါ ။ အခု ရုတ်တရပ်ကြီး သူ့ မိန်းမ နဲ့ ညနေ ခင်းလမ်းလျှောက်တုန်း ထဖောက်လို့ အမျိုးသမီးက လူနာတင်ယာဥ် လှမ်းခေါ်လိုက်တာပါ ။