ကျွန်တော် စိုင်းလံနော့ ရင်ခွင်ထဲမှာ နေရတာကို အတော်ကြိုက်သည် ။ အခုလို အခြေအနေက မသိရင် အိမ်ထောင်ပြုပြီး သားသူတွေလိုလို ။ အဲ ... မဟုတ်တာ ။
'ကျစ်... ခင်ဗျား နိုးနေပြီ မဟုတ်လား ။ ထတော့ ။ '
ကျွန်တော် စိုင်းလံနော့ ရဲ့ ရယ်သံကို ကြားလိုက်ရတာကြောင့်ပင် ။
'ငါ ဘယ်နှခါ ပြောရမလဲ ။ ငါ့မင်းထပ် ၆ နှစ်ကြီးတယ် ၊ ငါ့ကို အကိုလို့ခေါ်ပါဆို ။ '
ကျွန်တော် ထထိုင်လိုက်သည် ။
'ခင်ဗျားကျတော့ကော... ခင်ဗျားထပ် ၆ နှစ်ငယ်တဲ့ကောင်လေးကို တစ် ငါ ငါနဲ့ ။ '
စိုင်းလံနော့ ကပါ ထထိုင်သည် ။
'အဲ့တာဆို... ကိုယ် လို့ သုံးပေးမယ် ။ မင်းလဲ ကိုယ့်ကို အကို လို့ခေါ် ။ '
'အင်း... ဟုတ်ပြီ ။ ဘယ်နှနာရီ ရှိပြီလဲ မသိဘူး ။ '
'ဟိုမှာ နာရီရှိတယ်လေ ။ ၂ နာရီခွဲပြီ ။ '
စိုင်းလံနော့ က သန်း ကာ တိုင်ကပ်နာရီ ကိုမေးငော့ပြီး ပြောသည် ။
'ဒါနဲ့ ... အကိုလံနော့ လို့ခေါ်လို့ရလား ။ '
ကျွန်တော် သူ့ဘက်လှည့်ပြီးပြောလိုက်သည် ။ သူက ခေါင်းငြိမ့်ပြသည် ။
'ရတာပေါ့ ... '
'ဒါနဲ့ ကျွန်တော် ရေချိုးချင်တယ် ။ '
'အင်း အပေါ်ထပ်မှာ ရေချိုးခန်းက ။ '
ကျွန်တော် အကိုလံနော့ လက်ညှိုးထိုးပြသည့် လှေကားပေါ်တက်သွားသည် ။ လှေကားတစ်၀က်လောက်ရောက်မှ သတိရသည် ။
'ကျွန်တော့်ကို အင်္ကျီ ပေးဦးလေ ။ ဘောင်းဘီကောပဲ ။ '
အကိုလံနော့က ထလာသည် ။
'ဟားဟား... ဟုတ်ပါပြီ ။ ဘီဒိုကလဲ အပေါ်မှာ လာ တူတူတက်မယ် ။ '
အကို လံနော့က ကျွန်တော့် လက်ကို ဆွဲပြီး ခေါ်သွားသည် ။
'ပေးလေ.. ရေချိုးခန်းထဲမှာပဲ တစ်ခါ တည်း လဲ လိုက်မယ် ။ '
သူ လာပေးတာက ဟူဒီ အ၀ါ အပွကြီးနဲ့ ဂျင်းဘောင်းဘီ အပြာနုရောင်ပင် ။ ကျွန်တော် တစ်ခါမှ ဒီလို မ၀တ်ဘူး ။ ကျွန်တော် ဘာမှ ပြန်မပြောပဲ ရေချိုးခန်းထဲသာ ၀င်လိုက်သည် ။