အခန်း ၃ - နောက်ကွယ် ( Unicode )

2K 127 10
                                    

အခန်း ၃ - နောက်ကွယ်

စိုင်းလံနော့...ရှမ်းဆလုံ ယောကျာ်းလေးတစ်ယောက် ။ ရှမ်း လူမျိုးကြီး စိုင်းမင်းသက် ဟာ စီးပွားရေးလုပ်ဖို့ဆိုပြီး တနင်္သာရီဘက် ကိုဆင်းသွားခဲ့တယ် ။ ဒါပေမယ့် ဘယ်သူကထင်မှာ ဆလုံမိန်းမပျိုလေး တစ်ယောက်နဲ့ လက်ထပ် ခဲ့တယ်လို့ ။ စိုင်းလံနော့ ဟာ အဖေလို အသားဖြူသည် ။ အမေကတော့ ညိုရောင်လေးသန်းနေသည် ။ ထပ်ပြောရမည်ဆိုလျှင် စိုင်းလံနော့ မှာပါတဲ့ အစွယ်လေး ၂ ချောင်းကို သူ့အမေ ဒေါ်မြမြ စီက ရခဲ့တာပင် ။ သူက အရပ်ရှည်သည် ၊ အသားဖြူသည် ။ သို့ပေမယ့် ဇွဲလွန်းသူ လောက်တော့မဖြူ ။

(A/N

စိုင်း - မောင်
လံနော့ - (ဆလုံဘာသာစကား) / မူရင်း - ဇီ၀ဇိုးငှက် )

သူထိုအရှေ့က လူကို ဘုကြည့်ကြည့်ပြီး သူ့ခန္ဓာကိုယ်ကို အကဲခတ်ပြီးနောက် စကားထပ်စလိုက်တယ် ။

'ကျွန်တော်ပြီးမှ ခင်ဗျားလုပ် ။ အဲ ... '

ဇွဲလွန်းသူ သူ့ဟာသူ ပြောပြီး တွေးချင်တာတွေတွေးလိုက်ပြီး ရှက်မိသွားသည် ။

'အဲ..ဟို ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာပြီးမှ ခင်ဗျားယူ..အဲ အဲ့တာလဲ မဟုတ်သေးဘူး ၊ ကျွန်တော်ရမှ ခင်ဗျားယူ ၊ ကျစ်အဲ့တာလဲ မဟုတ်သေးဘူး...'

'ဒီမှာ မင်းတစ်ယောက်ထဲ စကားပြောနေတာလား ။ မင်းပြောတာ ငါနားမထောင်နေပါဘူး ။ ပြီးတော့ ဟို မှာရေခဲမုန့်ရပြီ ။ '

သူပြောလို့ ကျွန်တော် ဦးလေးကြီးဖက်ကို လှည့်ကြည့်တော့ ရေခဲမုန့်ကို လက်လှမ်းပေးသည် ။

'ကျေးဇူးပါဗျ ။ ဒီမှာနော် ပိုက်ဆံ ။ '

သူပိုက်ဆံ ပေးပြီး ကားပေါ်တက်လိုက်သည် ။ ပြီးနောက် သူ ဟိုလူ့ကို လိုက်ကြည့်လိုက်သည် ။ ဟိုလူဆိုတာထပ်သူ့ထပ်တော့ အသက်ကြီးမှာပင် ၊ အဟက် အသေအချာကြီးပေါ့ စီနီယာဆိုမှတော့ ။ သူမကျေနပ်တာက ထိုလူမှာ သူ့ထပ် အရပ်ရှည်နေတာကြောင့်ပင် ။ သူ ထိုလူနဲ့ ယှဥ်ရပ် နေတုန်းက ထိုလူ့ရင်ခွင်ထဲတောင်၀င်နေလို့ရသည် ။ အဲ...ငါဘာတွေတွေးလိုက်ပါလိမ့် ။ သူအတွေးတွေကို ရပ်လိုက်ပြီး ထိုလူ့ကို လိုက်ကြည့်လိုက်သည် ။ ငိုနေသည့် ကလေးလေးတစ်ယောက်ကို ချော့ပြီး ရေခဲမုန့်ကျွေးနေသည် ။ ထိုကလေးလေးဘေးမှာတော့ သူ့အမေလို့ ထင်ရတဲ့အမျိုးသမီး ။ မဟုတ်မှ လွဲရော အဲ့တာ သူသားလေးလား ။ သူမျက်ခုံးလေးတွေပင့်ပြီး သေချာကြည့်လိုက်သည် ။ ကျစ် ... သူတို့ ဘာသာ ဘာဖြစ်ဖြစ် ငါနဲ့ဆိုင်လို့လား ။ ကားကို အရှိန်မြှင့် လိုက်ပြီး မောင်းလိုက်သည် ။

လွန်  (Over) // Completed // Where stories live. Discover now