အခန်း ၄ - အရူးများ
ကျွန်တော် အသိစိတ်အနည်းငယ်ရလာသည် ။ ကျွန်တော် ရေဆာလာပြီ ။ ထို့ကြောင့် လှုပ်လို့ ရတဲ့ လက်ချောင်းလေးတွေကို လှုပ်လိုက်သည် ။ မျက်လုံးဖြေးဖြေးချင်းဆီ ဖွင့်လိုက်သည် ။ ပထမဆုံး မြင်လိုက်ရတာက လူတစ်ယောက် ။ သေချာပေါက် ဟိုလူပဲဖြစ်မည် ။
'အေး နိုးပြီလား နိုးဦးမှကို ။ ဘာမှ ထိခိုက် မှုမရှိပဲ သတိလစ်ရတယ်လို့ ။ တော်သေးတယ် ၃၆ မိနစ် ၅၄ စက္ကန့် . ၄၈ အာ အခု ၅၅ ၅၆ ၅၇ '
'ဒီ မှာ.. အဟွတ် ခင်ဗျား ရူးနေလား ။ ဘာကိစ္စ အချိန် အတိအကျတွေ ပြောနေတာလဲ ။ ပြောစမ်းပါဦး ခင်ဗျားက ဘာလို့ ကျွန်တော့်ကို စောင့်နေတာလဲ ။ '
ကျွန်တော် မကျေမနပ်မေးလိုက်ပေမယ့် အသံက ထင်သလောက် မထွက်လာ ။
'ငါကကော ရူးနေလို့ မင်းကို စောင့်နေရမှာလား ။ မင်းက ငါ့လူနာ ၊ ငါက မင်းရဲ့ တာ၀န်ခံဆရာ၀န် မလို့မင်းသတိမရ မချင်း စောင့်နေတာ ။ '
'ဖြစ်ရမယ် ဘွဲ့ မရသေးတဲ့ ဆေးကျောင်းနောက်ဆုံးနှစ်ကို လူနာပေးတယ်လား ။ '
'မင်းငါ့ကို အထင်မသေး... '
'ဒီမှာ ခင်ဗျားက သတိလစ်နေတဲ့ လူနာတွေ ဘာအရင်ဆုံးတောင်းဆိုလဲ မသိဘူးလား ။ ရေတိုက်ရမှာ သိရဲ့သားနဲ့ ရေမတိုက်ကတည်းက ခင်ဗျားကို အထင်မကြီးတော့တာ ။ '
'သိတယ် တမင်ကို မတိုက်တာ ။ ဒါနဲ့ မင်းက အဲ့လို သူများကိုစကား ဖြတ်ပြောရတာ တော်တော် ၀ါသနာပါတယ်ပေါ့ ။ '
ကျွန်တော် ထထိုင်လိုက်သသည် ။ ပြီးတော့ ချိတ်ထားတဲ့ ဆေးအိတ်ကို ဖြုတ်ပြီး ထလိုက်သည် ။ အနီးဆုံး ရေအိုးရှိရာကို ထလိုက်တယ် ။
'ဒီမှာ မင်း ခနနားနေမှ ရမယ်လေ ။ ဆေးအိတ်ချိတ်ထားတာ ကုန်တောင်မကုန်သေးပဲ ဖြုတ်လို့ ရမလား ။ '
ကျွန်တော် မသိချင်ယောင်ဆောင်လိုက်ပြီးရေသာ သောက်လိုက်သည် ။
'ဘာတွေ ဖြစ်နေလို့လဲ ။ '
အသံတစ်သံ ။ ကျွန်တော် ညာဘက်မှာက ဟိုလူရှိပြီး ကျွန်တော့် ညာဘက်မှာ က ဟိုအန်တီ အဲ ဆရာ၀န်ဆိုပိုမှန်မယ် ။
'အာ သူက ရေသောက်ချင်တယ်ဆို ပြီး တဆွတ်ထိုး ထလုပ်လို့ပါ ။ '
'ဒီမှာ လူနာ ။ အဲ့လို လုပ်လို့မရပါဘူး ။ တာ၀န်ခံ ဆရာ၀န် ပြောတာလုပ်ရမှာပါ ။ '
'ဒီမှာ မဒမ် ၊ မဒမ်တို့က ဘာလို့ ဆေးကျောင်း နောက်ဆုံးနှစ်တစ်ယောက်ကို လူနာ ပေးတာလဲ ။ '
'ဘာလို့ဆို သူက ဒီဆေးရုံမှာ လက်တွေ့ ဆင်းနေတဲ့ သူတစ်ယောက်မလို့ပဲ ။ လုပ်ခိုင်းမှ လုပ်တတ်မှာ ။ ပြီးတော့ လူနာရှင်တွေ ရှိလား ။ '
'မ..မရှိပါဘူး ။ '
ကျွန်တော့် အသံ အနည်းငယ်တိမ်၀င်သွားသည် ။ ကျွန်တော် မေးလိုက်တဲ့ မေးခွန်း မှားလို့လား ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ရှက်လို့လား ။ ဘာကိုရှက်တာလဲ ?
'အဲ့တာဆို မင်း ညာဘက်က လူကြီးက ဘယ်သူလဲ ။ မင်း ချစ်သူမဟုတ်ဘူးလား ။ '
×××
Tuesday , September 1 , 2020
