အခန်း ၁၃ - Sorry Kiss ( Zawgyi )

462 32 1
                                    

အကုန်လုံး ဆေးရုံ ရောက်သွားပြီဖြစ်သည် ။ ခွဲစိတ်ရတာကတော့ လူနာ ၃ ယောက်သာ ။ နံရိုးကျိုးသွားသူရယ် ၊ အဘိုးကြီးတစ်ယောက်ရယ် ၊ ခန္ဓာကိုယ်တွင်း သွေးယို တဲ့ လူနာ ရယ်သာပင် ။ ဇွဲလွန်းသူကတော့ ခွဲခန်းဝင်နေဆဲ ။ ကျွန်တော်က နံရိုးကျိုးသည့် လူနာကို ခွဲစိတ်ပြီးပြီဖြစ်သည် ။

အခု ည ၃ နာရီ ရှိနေပြီဖြစ်သည် ။ ကျွန်တော် မအိပ်ချင်သေး ။ လူနာ စောင့်ခန်းတွင်သာ ထိုင်နေလိုက်သည် ။ ချမ်းလွန်းလို့ တုန်နေပေမယ့် အ၀တ်မလဲ ချင်သေး ၊ ဒီအတိုင်းပဲ နေချင်သေးသည် ။ ဒေါက်တာ အောင်မင်းကော ကြယ်စင်နှင်းဖြူရော ခွဲခန်းထဲတွင် ။ ဆရာမ ကတော့ ခုနက လူနာတွေကို လိုက်ဆေးစစ်နေသည် ။

မိုးတွေက ရွာနေစဲပင် ။ ကျွန်တော် ဇွဲလွန်းသူ ဆိုတဲ့ ကောင်လေးကိုမြင်လိုက်တိုင်း တစ်မျိုးကြီး ခံစားရသည် ။ ဘယ်လိုလဲ တော့မသိ ။ ကျွန်တော် ဇွဲလွန်းသူ နမ်းခဲ့တဲ့ ပါးဘယ်ဘက် ခြမ်းကို လက်နဲ့ ကိုင်လိုက်သည် ။ ဒါဆို ဟိုကောင်လေး အေးနေမှာပေါ့ ။ သူအ၀တ်လဲ မလဲရသေးဘူး ။ ခွဲခန်းထဲမှာတင် ၅ နာရီလောက်ရှိနေပြီ ။

နေစမ်းပါဉီး ငါက ဘာလို့ သူ့ကိုစိတ်ပူနေတာလဲ ။

'ဒေါက်တာ ကျေးဇူးပါခင်ဗျ ။ '

ကျွန်တော့် ရှေ့ကို ခုနက ဂိုဏ်းစတား ထဲက လူတစ်ယောက် ရောက်လာသည် ။

'ဘာလို့လဲဗျ ။ '

'ကျွန်တော်တို့ ဆရာကြီးကို ကယ်ပေးလို့ပါ ။ တကယ် အရမ်းကိုကျေးဇူးတင်ပါတယ် ။ '

ထိုလူက ခနခနဉီးညွှန့် နေသည် ။

'မဟုတ်တာ... ဒါ ကျွန်တော်တို့ အလုပ်ပါ ။ ဆရာဝန်ဆိုတာ လူနာရဲ့ အသက်ကို ကယ်တင်ရမယ် ။ ဆရာဝန်ဆိုတာ ဆေးရုံရှိလို့ ဖြစ်လာတာမဟုတ်ပါဘူး ။  လူနာရှိလို့ ဆရာဝန် ဆိုတာ ရှိလာတာပါ ။ လူနာရဲ့ အသက်ကို ကယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ် ။ '

'ဟုတ်ကဲ့... ကျေးဇူးပါ ။ '

'မဟုတ်တာ ... ရပါတယ် ။ '

ကျွန်တော် ပြုံးပြီးသာ ပြန်ဖြေလိုက်သည် ။

'ခင်ဗျားက အ၀တ်မလဲပဲ သေချင်လို့လား ။ '

ကျွန်တော့် အနောက်ဖက်က အသံ ခပ်စူးစူးရှရှ တစ်ခု ။ သူက ရုပ်တည်ကြီးနဲ့ လက်ထဲတွင်လဲ ကော်ဖီ နှစ်ခွက်ကို ကိုင်ထားသည် ။ ကော်ဖီ မှာ ဘယ်လောက်ပူသည်မသည့် ၊ အငွေ့တွေ ထောင်းထောင်းထနေသည် ။ သူက ကျွန်တော့် ဘေးနားလာထိုင်သည် ။ နှစ်ယောက်လုံး အ၀တ်ရေဆိုနေပေမယ့် မလဲသေး ။ ရေတော့ ခြောက်ပြီဆိုပေမယ့် အေးနေစဲ ။

'ရော့...'

ထိုကောင်လေးက ကျွန်တော့် ဘက် လှည့်မကြည့်ပဲ အငွေ့ထောင်းထောင်းထနေသည့် ကော်ဖီကို ကမ်းပေးသည် ။

'တောင်းပန်ပါတယ်...အစ်ကို့ကို ဆဲမိလို့ ။ '

ကျွန်တော် နဲ့ သူ အကြည့်ချင်းဆုံနေသည် ။

'တောင်းပန်တာ ဒီတိုင်း တောင်းပန်လို့ ရမလား ။ '

ကျွန်တော် သူ့ကို မေးလိုက်သည် ။ သူက မျက်ခုံးတစ်ဖက် ပင့်သည် ။

'Sorry - Kiss '

ကျွန်တော် ကော်ဖီခွက်ကို ညာဖက်လက်နဲ့ ကိုင်ထားပြီး ဘယ်ဘက်လက်နဲ့ ထိုကောင်လေးခေါင်းကို ကိုင်ပြီး နမ်းလိုက်သည် ။

သူကလဲ ကျွန်တော့်ကို တုံ့ပြန်သည် ။ သူ့နှုတ်ခမ်းလေးတွေက နူးညံ့လွန်းသည် ။ အရက်အရသာ ခပ်စူးစူးလေးကလဲ မပျောက်သေး ။

ဒီထပ် ကြာရင် တစ်ခုခု လုပ်မိမည် ဆိုးလို့ ခေါင်းကို ခွာလိုက်ပြီး အနမ်းတွေကို ရပ်လိုက်သည် ။ ကျွန်တော် ခေါင်းခွာလိုက်တဲ့ အချိန် သူက ကျွန်တော့်ဘက် ကပ်လာပြီး ပြန်နမ်းသည် ။

ဒီလိုတော့ စိုင်းလံနော့ကို ဘယ်လုပ်လို့ရမလဲ ။ ကျွန်တော့် လက်ထဲက ကော်ဖီခွက်ကို ရှေ့ခုံပေါ်ကို နမ်းနေရင်း ချလိုက်သည် ။ ဇွဲလွန်းသူ လက်ထဲက ကော်ဖီ ခွက်ကိုလဲ ယူပြီး ရှေ့ခုံပေါ် တင်လိုက်သည် ။ ခုံမှာ လက်တန်းတွေ မပါသည်မို့ ဇွဲလွန်းသူကို ပလတ်လှန်စေလိုက်သည် ။

သူ့ကို အပေါ်ကနေ အုပ်မိုးထားရင်းနဲ့ အနမ်းတွေကို အဆက်မပြတ် နမ်ူနေသည် ။ ကျွန်တော်လဲ မမောသေးသလို သူလဲ မော ဟန်မပေါ်  ။

'အဲ...အစ်မ လာမိတာ မှားသွားပြီထင်တယ် ။ '

×××

Tuesday , September 15 , 2020

လွန်  (Over) // Completed // Where stories live. Discover now