'မှန်မှန်ပြောပါ !! ခင်ဗျား အမြန်ဆုံးမှန်တာပြောရင် ပြစ်ဒဏ်လျှော့ပေါ့ပြီးခံရမှာပါ ။ '
ဆေးရုံအုပ်ကြီးရဲ့ သက်ပြင်းချသံကိုသူကြားလိုက်သည် ။
'ကျွန်တော် ဘာမှ မလုပ်ထားဘူးလို့ ခင်ဗျား ကိုပြောပြီးသားပဲ ။ ကျွန်တော် ဘာမှ ဖြေရှင်းချက်မပေးချင်တော့ဘူး ။ ခင်ဗျားတို့ ကျွန်တော့်ကို ရာထူးက ဆင်းခိုင်းချင်ရင် ဆင်းပါ့မယ် ။ '
စစ်ဆေးမေးမြန်းသည့်ထဲက တစ်ယောက်မှာ မျက်နှာ လွှဲလိုက်သည် ။
'မနက်ဖြန်ထပ်လာခဲ့ပါမယ် ။ သွားစို့ ... '
သူတို့ ထွက်သွားပြီးတာနဲ့ ဆေးရုံအုပ်ကြီးက သက်ပြင်း ထပ်ချသည် ။ ညနေတောင်စောင်းနေပြီ ဖြစ်သည် ။
'ခင်ဗျားတို့ ထွက်သွားပေးလို့ရမလား ။ ဆေးရုံ၀န်ထမ်းတွေကိုလဲ ဘာမှ မဟုတ်ဘူးလို့သာ ပြောထားလိုက်ပါ ။ '
'ဟုတ်ကဲ့ ။ '
သူနာပြုကြီးက ကျွန်တော့် လက်မောင်းတစ်ဖက်ကို ကိုင်ပြီး တံခါးဖက်ကို မေးငေါ့ပြသည် ။ ဆိုလိုချင်တာက အပြင်ထွက်ကြစို့ ဟုပြောသည့် သဘောပင် ။
ကျွန်တော်တို့ လှေကားပေါ်က ဆင်းလျှင်ဆင်းချင်း အကိုလံနော့က ရောက်လာသည် ။
'ဘာတဲ့လဲ ညီ ။ '
'ဘေးက ကော်ဖီဆိုင် သွားမလား ။ '
'အင်း သွားမယ်လေ ။ '
ဆိုင်လေးထဲ ၀င်လိုက်သည့် အခါ လေအေးပေးစက် ရဲ့ အအေးဓာတ်က ဆီးကြိုနေသည် ။ ကော်ဖီ နံ့သင်းသင်းလေးမှာ လူကို ဆွဲဆောင်နေသည် ။ ကျွန်တော် ညီ့ ကိုကြည့်လိုက်တော့ အောက်ကို ခေါင်းငုံ့ထားသည် ။
'ညီ ... ဘာသောက်မလဲ ။ '
'အင်း ... ကော်ဖီပဲ သောက်တော့မယ် ။ '
'အိုကေ ... အစ်မ ကျွန်တော့်ကိုလဲ ကော်ဖီပဲ ပေးပါ ။ '
'ဟုတ်ကဲ့ပါ ။ ကော်ဖီ နှစ်ခွက် ! '
ဘေးနံရံက ပန်းချီကားချပ်တွေကြောင့် ဤဆိုင်ကို အနုပညာ ဆန်သည်ဟုလူတွေကပြောဆိုကြသည် ။
'ဒီတော့ သူတို့က အဲ့လိုပြောတယ်ပေါ့ ။ အင်း ... ဆေးရုံအုပ်ကြီးလဲပင်ပန်းနေမှာပေါ့ ။ '
