အခန်း ၁၇ - ပြစ်ဒဏ် ။
'ခနစောင့်ပါလို့ပြောလိုက် ။ လူနည်းနည်းလေးနဲ့ အဲ့ project ကို လုပ်လို့ရမလားလို့ '
'ဟုတ်ပြီ ညီ ။ ၁ နာရီ ရောက်ရင် အစည်းအဝေးရှိတယ်နော် ။ '
ကျွန်တော်ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည် ။
အစည်းအဝေးဆိုပေမယ့် အဲ့လောက် လူမများပါ ။ ဋ္ဌာနမှုးတွေနဲ့ အလုပ်သင်အချို့လောက်ပဲ ရှိသည် ။ ဋ္ဌာနမှူးတွေက ထိုင်ရပြီး အလုပ်သင် ကျွန်တော် တို့က မတ်တတ်ရပ်ရသည် ။ ခုံမှာအရှည်ဖြစ်၍ ထိပ်တစ်ဖက်တွင် ဆေးရုံအုပ်ကြီး ထိုင်နေသည် ။
'ကျွန်တော် ခေါ်လိုက်ရတဲ့ အကြောင်းက ထွေထွေထူးထူး မဟုတ်ပါဘူး ။ ကျွန်တော့် အစ်မ ကျန်းမာရေးမှူးက ဒီဆေးရုံကို ဆရာ၀န် အသစ် သုံးရောက် ပို့လိုက်ပါတယ် ။ '
အထွေထွေခွဲစိတ်က ဋ္ဌာနမှူးက ၀င်မေးသည် ။
'ဆေးရုံမှာ ဆရာ၀န်တွေလဲ အလုံအလောက်ရှိရဲ့ သားနဲ့ ဘာလို့ ထပ်ခေါ်တာလဲဗျ ။ '
ဆေးရုံအုပ်ကြီးကရယ်သည် ။ အကိုလံနော့ကလဲ ကျွန်တော့် ဘေးမှာ ရှိနေသည် ။
'အဲ့တာကတော့ မသိပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံမှာ လိုအပ်တဲ့ သူတွေကို ခေါ်တာပါ ။ ၀င်လာပါ ။ '
ဆေးရုံအုပ်ကြီးက တံခါးပေါက်ဘက်ကို လှည့်ပြီးပြောသည် ။ ပထမဆုံး၀င်လာသူမှာ တီချယ်ဖြစ်သည် ။ နောက်မှာတော့ အသက် ၃၀ နီးပါးလို့ထင်ရသည့် ပါမောက္ခ နဲ့ ဆရာ၀န်တစ်ဦး ။ သူကတော့ အသက် ၂၀ ကျော်ကျော်သာ ရှိဦးမည် ။
'မင်္ဂလာပါ ။ ကျွန်မက ဒီနေ့ကစပြီး အလုပ်လုပ်မယ့် အရေးပေါ်ဋ္ဌာနက ပါမောက္ခ လှရောင်အေးပါ ။ ရှေ့လျှောက် အလုပ်ကောင်းကောင်းလုပ်ပါ့မယ် ။ '
တီချယ်က ဦးညွှန့်ပြီးပြောသည် အားလုံးကို ။ နောက်တော့ အသက် ၃၀ အရွယ်လူတစ်ယောက်က ဆက်ပြောသည် ။
'ကျွန်တော့် နာမည်က အောင်ဖြိုးလတ်ပါ ။ အလောင်းခွဲစိတ်ဆရာ၀န်ပေါ့ ။ '
အောင်ဖြိုးလတ် ဆိုက ခန့်သည် ။ တည်ကြည်သည် ။ ကျက်သရေရှိသည် ။