Part 3

15.4K 1.4K 18
                                    

ရေးချိုးပြင်ဆင်ပီးသူ့ကိုယ်သူပြန်ကြည့်ပီးအရမ်းကျေနပ်နေတယ်
ကြင်ယာတော်​ေရှာင်းကတကယ်လှတာ
ယောက်ျားလေးတယောက်ကိုလှတယ်မပြောသင့်ပေမယ့်လည်း ကြင်ယာတော်ရှောင်းရဲ့အလှကစာဖွဲ့လို့တောင်မမှီ
မျက်ဝန်းကြည်ကြည်လေး
​ေကာ့ညွတ်နေတဲ့မျက်တောင်လှလှလေး
နှာတံစင်းစင်းလေး
သဘာဝအတိုင်းရဲ​ေနတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့အဲ့နှုတ်ခမ်းဖူးဖူးလေးအောက်အစက်လေးတစ်စက်ကြည့်မိတဲ့သူတိုင်းကိုရူးသွပ်သွားစေနိုင်သည်
အစစအရာရာပြည့်စုံနေတဲ့ကြင်ယာတော်ရှောင်းသေချာကြည့်မှ
အဲ ငါ့ရုပ်ကြီးပဲဟ😂ကွာတာဆိုလို့သူကအသားနဲနဲညိုတဲ့ဘက်ကိုသွားပီး
ကြင်ယာတော်ရှောင်းကဖြူဖြူဥဥမထိရက်စရာလေးမှဲ့လေးပါတာထိတောင်အမှန်တကယ်တူနေခဲ့တာ
ဘာပဲပြောပြောကြင်ယာတော်ရှောင်းကိုမြင်တဲ့သူတိုင်းကချစ်ကြတာကြောင့်
ဟိုဝမ်ဘုရင်မြင်ရင်သတ်ချင်မှာမဟုတ်ဘူးမလားမချစ်ရင်နေပါမသတ်ချင်တော့ဘူးဆိုကျေနပ်တယ်

ကယ်ကယ်အတွေးတေရပ်ဟိုဝမ်ဘုရင်နဲ့တွေ့ဖို့ဝမ်ဘုရင်​အကြောင်းစုံစမ်းရအုံးမှာ

"မျမ်မျမ်ရေဝမ်ဘုရင်ကတနေ့တာဘာတေလုပ်လဲပြောပြပါအုံး"

"ဟုတ်ကဲ့သခင်လေးမျမ်မျမ်သိရလောက်တော့မနက်ခင်းပိုင်ညီလာခံကျင်းပပီး
နေ့လည်စာကိုတော့ဝမ်မိဖုရားနဲ့အတူသုံးဆောင်ပါတယ်
နေ့လည်နေ့ခင်းေတမှာတော့စစ်ရေးလေ့ကျင်ပီးအနားမှာဝမ်မိဖုရားကအားပေးတဲ့အနေနဲ့သွားရောက်​ကြည့်ရှုပါတယ်
ညနေခင်းပိုင်းမှာတော့ဥယျာဥ်မှာ​​အကြမ်းရည်သုံးဆောင်ပီး​ခနအနားယူပါတယ်
ညဦးပိုင်းမှာစာကြည့်ဆောင်မှာစာဖတ်ပီး
ပေးပို့လာတဲ့သဝဏ်လွှာတေကိုလည်းဖတ်ရှုပါတယ်
ည​ပိုင်းမှာတော့ဝမ်မိဖုရားနဲ့အိပ်ဆောင်ဝင်ပါတယ်သခင်လေး"

"နေ့တိုင်းအဲ့လိုပဲလား"
"ဟုတ်အမြဲတမ်းအဲ့လိုပဲလို့တော့ကြားပါတယ်"
ခက်ပီ ဝမ်ဘုရင်စုတ်ကအမြဲသူမယားနဲ့ငါကဘယ်အချိန်တွေ့ပီးဆွေးနွေးရမှာလဲ
ဒီလောက်မခွဲမခွာနိုင်ဖြစ်နေရင်ကော်နဲ့ကပ်ထား
တော်တော်ဖြစ်အတွဲပဲအာရုံတေနောက်အောင်
"ဥယျာ​ဥ်ထဲမှာတစ်ယောက်တည်းလား"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now