Part 7

12.4K 1.1K 48
                                    

"မျမ်မျမ်ရေလာခဲ့ပါအုံး
စာအုပ်တေကဒါပဲလား
တခြားဖတ်စရာလေးဘာလေးရှာပေးပါအုံး
ပျင်းနေပီ"

"ဟုတ်ကဲ့မယ်မယ် ဒီအဆောင်မှာတော့ဒါအကုန်ပါပဲသခင်လေး
ဒီထက်ပိုဖတ်ချင်တယ်ဆိုရင်တောအရှင့်အဆောင်ကစာကြည့်ခန်းမှာပိုများများရှိပါလိမ့်မယ်သခင်လေး
နိုင်ငံပေါင်းစုံကစာရေးစရာပေါင်းစုံရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘာသာပြန်စာအုပ်တေရှိတယ်လို့​ကြားဖူးပါတယ် သခင်လေး"

ရှောင်းကျန့်တစ်ယောက်မျက်လုံးလေးတေတောက်လာသည်
အရင်ထဲကစာဖတ်ဝါသနာပါသူဖြစ်​တာကြောင့်ရော
ဒီမှာဘာမှလုပ်စရာမရှိတာကြောင့်ရော
စာအုပ်အသစ်အဆန်းလေးတေဖတ်ချင်တယ်
ဒါပေမယ့်ခက်တာကဝမ်ဘုရင်နဲ့မပတ်သက်ချင်ပါ
ဘယ်လိုလုပ်ရမလဲ

"မျမ်မျမ်သွားတောင်းပေးလို့ရဘူးလားဟင်"
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့တောင်းဆိုနေတဲ့သခင်လေးအတွက်အရာအားလုံးလုပ်ပေးချင်ပါသော်လည်းဝမ်အရှင်ဆီကစာ​အုပ်တော့တောင်းမပေးရဲပါ

"ဒီအစေခံက ဝမ်အရှင်ဆီက မတောင်းရဲပါဘူးသခင်လေး"
မတောင်းရဲဘူးတဲ့ဒါပေမယ့်ဖတ်ချင်နေတယ်လေဟောဒီကရှောင်းကျန့်လေးကပျင်းနေတယ်လို့

"ဒါဆိုဟိုလူကြီးဆိုရင်ရောသွားရဲလောက်လား"

"ဖြစ်နိုင်ပါတယ် သခင်လေး"

"အာ့ဆိုအဲ့လူကြီးကိုလွှတ်လိုက်"

"ဟုကဲ့ပါသခင်လေး"

မျမ်မျမ်ထွက်သွားပီးသိပ်မကြာခင်မှာပဲ
ခပ်တည်တည်နဲ့ဟိုဝမ်ဘုရင်လွှတ်လိုက်တဲ့ဝမ်နင်ဆိုဝင်နမ်ဆိုလား တစ်ခါပဲပြောသွားတာသိပ်မှတ်မိဘူး  အဲ့လူကြီးဝင်လာတယ်
ဝမ်နိုင်ငံကလူတေအားလုံးရုပ်ချောပေမယ့်ရုပ်တည်ကြီးတေနဲ့
ဟိုဝမ်ဘုရင်လည်းအဲ့လိုပဲအသားယူတာတောင်ရုပ်တည်ကြီးနဲ့

ဘယ်ရမလဲရှောင်းကျန့်ပါသူတို့ခပ်ချေချေဆိုကိုယ်လည်းခပ်ချေချေပဲ

"ဝမ်အရှင်ရဲ့စာကြည့်ဆောင်ကစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်၅အုပ်လောက်ယူခဲ့များလေကောင်းလေပဲ"

"ဟုတ်ကဲ့ပါကြင်ယာတော်လေး"
ပုံမှန်ဆိုအရှင့်ရဲ့အဆောင်ကပစ္စည်းကိုတောင်းချင်တိုင်းတောင်းလို့မရပေမယ့်
အခုလိုချင်နေတာကအရှင့်ရဲ့အသည်းအသက်လေးလေ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now