Part 12

10.4K 1K 32
                                    

မျမ်မျမ်ရဲ့စုံစမ်းပေမှုကြောင့်
ဝမ်မိဖုရားအကြောင်းကို အနည်းငယ်တော့သိလိုက်ရတယ်
ဝမ်မိဖုရားက ငယ်ငယ်တည်းကရှင်းအမတ်ကြီးနဲ့ နန်းတော်ထဲလိုက်လာနေကြတဲ့
ငယ်ငယ်ကတည်းကနေ
အရွယ်ရောက်တဲ့အထိ ဝမ်မိဖုရား နဲ့ဝမ်ဘုရင်က
တစ်ယောက်နဲ့တစ်ယောက်မြင်ဖူးတယ်ဆိုရုံပဲတဲ့
အရင်နှစ်ကမှ ဝမ်ဘုရင်ကဝမ်မိဖုရားကိုသည်းသည်းလှုပ်ဖြစ်လာတာ
ခါတိုင်းတွေမြင်နေကြလူတစ်ယောက်ကို
ရုတ်​တရက်ကြီး သည်းသည်းလှုပ်ဖြစ်သွားတာ နည်းနည်းတော့ထူးဆန်းမနေဘူးလား

ပီးတော့ficထဲမှာ ဝမ်ဘုရင်က ဝမ်မိဖုရားကို မြင်မြင်ချင်းစွဲလမ်းသွားတာလို့ သေချာပေါက်ရေးထားပါတယ်
နည်းနည်းတော့လွဲမှားမှုတေရှိနေတယ်

နန်းတွင်းfic တွေ ဇာတ်ကားတွေအရမ်းကြိုက်ပီး အများကြီးကြည့်ထားတဲ့ ရှောင်းကျန့်အဖို့တော့ ဝမ်ဘုရင်နဲ့ ဝမ်မိဖုရားရဲ့အ​ချစ်ရေးကလှည့်ကွက်တွေရှိနေတယ်ဆိုတာသတိထားမိလိုက်တယ်
အဲ့လှည့်ကွက်ကိုရှောင်းကျန့်ကသေချာပေါက်ဖော်ထုတ်ပေးမှာမို့
အလှည့်ကျရင်တော့မနွဲ့စတမ်းပဲနော်ဝမ်မိဖုရား

ဝမ်ဟန်မြို့ရဲ့တည်းခိုဆောင်မှာနေတဲ့
ဖုန့်ရန်ဟာလည်း အမတော်ဖေးရီနဲ့အတူဝမ်နန်တွင်းထဲဝင်ဖို့ဆွေး​နွေးနေကြတယ်
"​မောင်ငယ် ဝမ်နန်းတွင်းထိဝင်ဖို့ကမလွယ်ဘူးနော်"
"အမတော်မစိုးရိမ်ပါနဲ့ ဝမ်နန်းတွင်းကရာထူးကြီးတဲ့နေရာမှာ
ချင်တိုင်းပြည်ကလူရှိတယ်
ကျွန်တော်တို့ကိုကူညီမှာပါ"
"ဒါပေမယ့်မောင်ငယ်သူများလက်အောက်မှာအလုပ်လုပ်ရမှာလေ"
"တခြားသူမှမဟုတ်တာ ရှောင်းလေးလက်အောက်မှာလုပ်ရမှပါ
မဟုတ်ရင်ကျွန်တော်လည်းမလုပ်ပါဘူး
အခုတောင်အဲ့လူ​ကိုဆက်သွယ်ပီးပီ မကြာခင်ရောက်လာလိမ့်မယ်"

ခနကြာတော့မျှော်နေတဲ့သူရောက်လာတယ်
"ချင်အရှင်ကိုဂါရဝပြုပါတယ်"
"ထိုင်ပါအုံး မောင်မင်းကိုအကူအညီတောင်းစရာရှိလို့"
"ဟုတ်ကဲ့ ဝမ်နိုင်ငံကိုသစ္စာဖော​က်ရမယ့်အလုပ်မျိုးမဟုတ်ရင်တော့ကူညီပါ့မယ်"

"မောင်မင်းတောင်ဝမ်နိုင်ငံအပေါ်သစ္စာရှိနေပီပဲ"
"ကျွန်တော်ကချင်နိုင်ငံမှာမွေးပေမယ့်ကျွန်တော့်အသက်ရဲ့သုံးပုံနှစ်ပုံကဝမ်နိုင်ငံမှာကြီးပြင်းလာတာဖြစ်လို့ ဝမ်နိုင်ငံကလည်းကျွန်တော့ရဲ့နိုင်ငံပါပဲ"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now