Part 21

10K 905 23
                                    

ရှောင်းကျန့်နိုးထလာချိန်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
သူကအရမ်းခမ်းနားတဲ့အိပ်ယာပေါ်ရောက်နေတယ်
ပြောရရင် ဒီအိပ်ယာကြီးကသူတစ်ခါအိပ်ဖူးတဲ့ ဝမ်ဘုရင်ရဲ့အိပ်ယာကြီးထက်တောင်ပိုပြီးတော့ အိစက်ညက်ညောနေသလိုပင်
အခန်းကြီးကိုကြည့်လိုက်တော့လည်း
ဝမ်ဘုရင်ရဲ့ အခန်းနဲ့ခပ်ဆင်ဆင်ဆိုပင်မယ့်အပြင်အဆင်အသုံးဆောင်အားလုံးကိုအနီရောင်သာအသုံးပြုထားတယ်

အိပ်ယာရဲ့အရှေ့ကိုကြည့်လိုက်တော့စားပွဲခုံသေးသေးလေးအပေါ်မှာ စာလိပ်တွေနဲ့ တံဆိပ်တုံးတစ်ခု
အမ်ဇာတ်​ကားတဲ့ ဘုရင်နေတဲ့အခန်းကြီးလိုပဲ
ဝမ်ဘုရင်ရဲ့အခန်းတော့မဟုတ်လောက်ဘူး
ဒါဆို သူဘယ်ရောက်နေတာလဲ
သူနောက်ဆုံးသတိရတာက ဘုရားကျောင်းဆောင်ပျက်ထဲဝင်ပီးအနားယူတာပဲ
အကိုဖုန့်ရန်က ရှောင်းနိုင်ငံကိုခေါ်လာခဲ့တာလား
အဲ့လောက်မြန်လောက်လို့လား
အတွေးတွေထဲနစ်မြောနေတဲ့​တုန်း
ဝင်လာသူက အကိုဖုန်ရန်
အနီရောင်ဝတ်ဆုံပေါ်မှာ ​ေရွှရောင်နဂါးတံဆိပ်အဝိုင်း​ကြီးပါပြီး ပုခုံးနှစ်ဖက်မှာလဲ ထိုကဲ့သို့ ရွှေရောင် အဝိုင်းနှစ်ခုပါတဲ့ဝတ်စုံကိုဝတ်ပီးလာနေတဲ့အကိုဖုန့်ရန်
WTF!!!!!
အကိုဖုန့်ရန်ကကိုယ်ရံတော်မဟုတ်ဘူးလား
ဘာလို့ဘုရင်လိုကြီးဝတ်ထားရတာလဲ
ပီးတော့အကိုဖုန့်ရန်ဆီ က ဘုရင်ဆိုတဲ့ အရှိန်အဝါကြီးခံစားနေရတယ်
အကိုဖုန့်ရန်ကရှောင်းဘုရင်တော့မဟုတ်လောက်ဘူး
ရှောင်းဘုရင်က ငါ့ရဲ့ crushကြီး ပိုင်ကောကောလေ
ဒါဆိုဘယ်နိုင်ငံကဘုရင်လေ နိုင်ငံတွေကများလိုက်တာ

"သတိရလာပီလား ရှောင်းလေး ဗိုက်ဆာနေပီလား"

ရှောင်းလေးတဲ့ အရင်က သခင်လေးလို့ခေါ်တာမဟုတ်ဘူးလား
ကြက်သိမ်းတွေတောင်ထလာပီ

အရှေ့သူပြောနေတာမကြားတဲ့အကောင်ပေါက်လေးကိုရင်ခွင်ထဲသိမ်းထား​ချင်နေပီ
ဒါပေမယ့်လည်းအတင်းအကြပ်မလုပ်ရက်
ပိုင်ဆိုင်ချင်တာကသက်သက်
ရှောင်းလေးကိုလည်းစိတ်မညစ်စေချင်တာမို့
ဘာကိုမှအတင်းအကြပ်မလုပ်ချင်
ခုလောလောဆယ်တော့အကောင်ပေါက်လေးက မိမိကိုဘုရင်ဝတ်စုံနဲ့အံ့သြနေလောက်ပီ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now