Part 22

9.9K 926 37
                                    

ဝမ်နန်းတွင်းမှာခုလောလောဆယ်လူပြောများနေတဲ့သတင်းဟာ
နန်းကျမိဘုရားရှင်းယွမ်ဟာ ပြည်နှင်ဒဏ် မခံနိုင်လို့သူ့ကိုယ်သူသတ်သေသွားပီး
သူရဲ့အထိန်းတော်ရှင်းကလည်း
သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်ဆိုတဲ့သတင်းပဲ

ဒီနေ့မှာပြည်နှင်ဒဏ်ပေးဖို့လာရောက်ခေါ်ဆောင်တဲ့ ဝမ်နင်နဲ့စစ်သည်အချို့ က နန်းကျမိဖုရားရဲ့အဆောင်ကိုရောက်တော့

မိဖုရားရဲ့မျက်နှာမှာဒဏ်ရာတွေနဲ့စုတ်ပြတ်သတ်နေပီး
လည်ပင်းမှာလည်းလက်ငါးချောင်းအရာတို့ကထင်းလျက်
လက်တွေခန္ဓာကိုယ်တွေမှာတော့ဓားမွှန်းရာအပြည့်ဖြင့် သေဆုံးနေသောမိဖုရားရဲ့အလောင်းမှာအတော်ပင်အကျည်းတန်လှ
သလို့
မိဖုရားရဲ့ဘေးကအထိန်းတော်အ​လောင်းမှာဆိုကြည့်ချင်စရာပင်မရှိ သွေးအလိမ်းလိမ်းတို့ဖြင့် ပုံမှန်စစ်တိုက်ထွက်နေသော ဝမ်နင်အတွက်ပင် ရုတ်တရက်အံသြလောက်စေသည်
လက်နှစ်ဖက်လုံးပြတ်နေပီး လည်ပင်းမှာလည်းဓားရာကြီးကအထင်းသား

တစ်ယောက်ယောက်ကအညိုးကြီးကြီး သတ်ထားမှန်းသိသာလှသည်
ဒါပေမယ့်သူနန်းကျမိဖုရားအဆောင်ကိုလာတော့ အဆောင်ထဲကထွက်လာတဲ့တစ်ဦးတည်းသောသူဟာ
သူတို့ရဲ့ ဝမ်ပြည့်ရှင် ဘု​ရင်မင်းမြတ်သာ
ဒါကြောင့်
ပါလာသည့်စစ်သည်များကိုနှုတ်ပိတ်လို့
မိဖုရားနဲ့အထိန်းတော်ဟာ ကိုယ့်ဘာသာသတ်သေကြောင်းသတင်းလွှင့်ခဲ့ရတယ်
ဘုရင်ကအပစ်ရှိတဲ့သူကိုသတ်တာမှန်ပေမယ့်
လူမုန်းမများစေလိုတာကြောင့်
ဒီလိုစီစဥ်လိုက်ရခြင်း

ဝမ်ဘုရင်ဝမ်ရိပေါ်ကအဆောင်ကိုပြန်ရင်းကိုယ်လက်တို့ကိုသန့်ရှင်းကာ
ကိုယ်လုပ်သင့်တာတစ်ခုကိုတော့လုပ်ပီးသွားပီကလေးငယ်
ရှင်းယွမ်က ကိုယ့်အောက်လမ်းနဲ့ပြုစားတာကိုစိတ်မ​ဆိုးပေမယ့်
ကလေးငယ်နဲ့ကိုယ့်ကိုယ်ခွဲတာကိုတော့ခွင့်မလွှတ်နိုင်ဘူး
ကလေးငယ်ကို ကိုယ်ရှေ့မှာတင်စော်ကားထားတာတွေအတွက်လည်း
သူကသေသင့်တယ်
အမှန်ဆိုသူ့ကိုဒီထပ်ပိုပီးနှိပ်စက်ပစ်​ချင်ပေမယ့် ကိုယ်က ကလေးငယ်ကိုရှာပီးအမိဖမ်းရအုံးမယ်
မအားလပ်တာမို့ သူ့ကိုအဲ့လောက်အချိန်မပေးနိုင်ဘူး
ခုကိုယ့်လက်ထဲကလွတ်နေတုန်း
လွတ်လွတ်လပ်လပ်ပျော်ထားပါ
ကိုယ်ရှာတွေ့တဲ့အချိန်ကျရင် ရင်ခွင်ထဲမှာပဲသိမ်းထားမှာမို့ ခုချိန်မှာလွတ်လွတ်လပ်လပ်ပျော်ထားပါ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now