Part 15

10.5K 938 28
                                    

ရှောင်းကျန့်နိုးလာပီးပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်တော့ ဘေးနားမှာဝမ်ဘုရင်ကအိပ်ပျော်နေတာကြောင့်
သူ့အဆောင်မဟုတ်မ​ှန်းသိလိုက်ရတာမို့ ​ပြန်စဥ်းစားကြည့်တော့
ငါဝမ်ဘုရင်ရဲ့စာဖတ်ခန်းထဲမှာအိပ်ပျော်သွားတာပဲ
ငါ့ကိုမနှိုးပဲဒီမှာအိပ်ခိုင်းပုံထောက်ရင်တော့သူ့ပစ္စည်းပျက်စီးသွားတာမရိပ်မိသေးဘူးနေမှာ
ကံကောင်းလို့
ဝမ်ဘုရင်နိုးမလာခင်အမြန်လစ်မှ
ရှောင်းကျန့်လည်း အသာအယာထွက်လာလိုက်တယ်
အဆောင်အပြင်ရောက်တော့ခုထိသူ့ကိုစောင့်နေတဲ့ အကိုဖုန့်ရန်
ကျစ်.. အားနာလိုက်တာ

"အကြာကြီးစောင့်လိုက်ရလား အကိုဖုန့်ရန်
ကျွန်တော်အိပ်ပျော်သွားလို့ ဟီးးး"
ဖုန့်ရန်မအိပ်ပဲတစ်ချိန်လုံးစောင့်နေတာ
ဝေရီဝေလင်းအချိန်ကြမှ ရှောင်လေးကထွက်လာတယ်
ရှောင်းလေးက သူ့ကိုပြုံးပြီးတက်ကြွစွာပြောလာတော့မှပဲသက်ပြင်းချနိုင်တော့တယ်
သူစိတ်ပူတာတွေမဖြစ်သွားဘူးမလား

မိုးတော့မလင်းသေးဘူးမို့ရှောင်းလေးအနားယူရအောင်အဆောင်ကိုသေချာလိုက်ပို့ပီးမှ သူလည်းအနားယူနိုင်တယ်
ဘာပဲဖြစ်ဖြစ်ရှောင်းလေးအနားမှာနေပေးပီးကာကွယ်ခွင့်ရတာမို့ ကျေနပ်တယ်
အချစ်က ရယူပိုင်ဆိုင်ခြင်းသက်သက်မဟုတ်ဘူးဆိုတာ ဖုန့်ရန်တဖြည်းဖြည်းနားလည်လာတယ်

ရိပေါ်နိုးလာလို့ဘေးမှာကြည့်လိုက်တော့ကြင်ယာတော်ရှောင်း ကမရှိတော့ဘူး
ညတုန်းကကြင်ယာတော်ရှောင်းကို
ယောက်ျားလေး​ချင်းပဲဆိုတဲ့အသိနဲ့အတူတူတစ်အိပ်ယာတည်းအိပ်ဖို့စဥ်းစားထားပေမယ့်
တကယ်တမ်းကြတော့ကြင်ယာတော်ကဘေးမှာရှိနေတယ်ဆိုတဲ့အသိက စိတ်လှုပ်ရှားစေပြီးတော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး
မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားခဲ့တာ
ဒါကြောင့်မို့ ကြင်ယာတော်ထသွားတာမသိလိုက်ဘူး
တစ်ယောက်တည်းပြန်သွားတာလားပဲ
နှိုးလိုက်တာမဟုတ်ဘူး
အထိန်းတော်ကြီးကိုလိုက်ပို့ခိုင်းမှာပေါ့
ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တတ်ဖူးပဲ
ရိပေါ်အတွေးတွေကိုရပ်ပြီးညီလာခံသွားဖို့ပြင်ရတော့တယ်
ညီလာခံမှာဆွေးနွေးဖြစ်တာကတိုင်းပြည်ထဲမှာရှိတဲ့​ေဒသအချို့ရဲ့အခက်အခဲတစ်ချို့ကလွဲရင်တိုင်းပြည်ကအေးအေးချမ်းချမ်းပါပဲ
နောက်တစ်ခုကအမတ်ကြီးတို့ရဲ့နန်းဆက်အတွက်တိုက်တွန်းနေတာပဲ
ဒါလဲကိစ္စမရှိသေးဘူး
ဝမ်ဘုရင်ရဲ့သက်တော်ကငယ်ရွယ်သေးပီးတိုင်းပြည်ကြီးကလည်းအေးချမ်းနေတာမိုအရမ်းစိုးရိမ်စရာတော့မရှိ
ညီလာခံကျင်းပပြီးပြန်လာတော့
"အထိန်းတော်ရန် ရှင်းချန်နဲ့ဝမ်နင်ကိုလွှတ်လိုက်"
"ဟုတ်ကဲ့ပါအရှင်"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now