Part 43

8.3K 788 47
                                    

ရှောင်းကျန့်နိုးလာတော့ မြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် သူပြုံးလိုက်မိတယ်

"အရှင်"
ဟုတ်တယ် သူအရှင့်ကိုရွေးချယ်ခဲ့တာ
သူအရှင့်ကိုမနာကြင်စေချင်ဘူး
အရှင့်အပေါ်အထင်လွဲမှားခဲ့တာတွေအတွက်ဘာမှပြန်မလုပ်ပေးရသေးဘူး
ဒါကြောင့်မားကိုမရွေးချယ်ခဲ့တာ အရှင့်ကိုထားခဲ့မယ်ဆိုရင် တသက်လုံးနောင်တတရားတွေရှင်သန်ရမယ်ဆိုရင် သူပျော်နိုင်မှာမဟုတ်ဘူး

"တောင်းပန်ပါတယ် အရှင်"

သတိရလာတာနဲ့ချက်ချက်ချင်း တောင်းပန်စကားဆိုလာ​တဲ့ကလေးငယ် အမှန်တရားကို ယုံကြည်သွားရင်ရပီ တောင်းပန်စရာမလိုဘူး
ကလေးမှာမှားခွင့်ရှိတယ် အထင်လွဲခွင့်ရှိတယ်
ဘာလို့ဆို ကလေးက ကိုယ်ချစ်ရတဲ့တစ်ဦးတည်းသောသူလေ

"တောင်းပန်စရာမလိုဘူး ကလေး ကိုယ့်ကိုယ် ချစ်ပေး​တယ်ဆိုရင်ပဲရပါပီ"
လှဲနေတဲ့သူရဲ့ နဖူးလေးကိုနမ်းလို့ နူးနူးညံ့ညံ​့ပြောလာတဲ့အရှင်

"ချစ်တယ် အရှင် ကျွန်တော်အရှင့် ချစ်တယ်"
နောက်ဆုံးတော့ ကလေးငယ်ရဲ့ပါးစပ်က သူ့ကိုချစ်ကြောင်းဝန်ခံခဲ့ပြီ အရမ်းပျော်ဖို့ကောင်းတာပဲ ကလေးရဲ့ နှုတ်ကဝန်ခံတဲ့ စကားလေးကသိပ်ကို နားထောင်လို့ကောင်းတာပဲ

"ကိုယ်လည်း ကလေးကိုအရမ်းချစ်တယ်"
ကလေးငယ်ကို ရင်ခွင်ထဲ ထည့်လို့ ပွေ့ဖက်ပြီး မျက်နှာအနမ်းတွေကျဲနေတယ်
မျမ်မျမ်နဲ့ အထိန်းတော်ရန်ကလည်း အလိုက်တသိထွက်သွားပေးကြတယ်

ဝမ်ဘုရင်ကိုအမြင်ကပ်ပါတယ်ဆိုတဲ့ သခင်လေးကလည်းခုများတော့ပြုံးဖြီးနေတာပဲ
လူရှေ့မရှောင် ပွေ့ဖက်နမ်းရှုံ့နေတဲ့ ဒီအတွဲကြောင့်အလိုက်သိတဲ့ မျမ်မျမ်က အထိန်းတော်ရန်ကိုလက်တို့လို့ အပြင်ကိုထွက်ဖို့ အချက်ပေးရတယ်
အထိန်းတော်ရန်က အလိုက်ကိုမသိဘူး ဒါကြောင့် FAဂိုဏ်းချုပ်ကြီးဖြစ်နေတာနေတာနေမှာ
မျမ်မျမ်လည်း ဝမ်ကိုရောက်ကတည်းက ဧည့်ဆောင်မှာတစ်ယောက်တည်းပစ်ထားခဲ့တဲ့အ​မတော်ဖေးရီဆီပြန်လာခဲ့ မျက်နှာပူပေမယ့်လည်း အမှန်တရားက အမှန်တရားပဲမို့
အမှားလုပ်ထားသူတွေက အပစ်ခံသင့်တယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now