Part 11

10.3K 988 16
                                    

"အရှင် ​​ကြင်ယာရှောင်းကထပ်ပီး​ပြုစားနိုင်တာမို့ အရှင်ရဲ့ဆောင်ထဲမှာ
ဒီအမွှေးအိုးသုံးဖို့ အထိန်းတော်ရန်ကိုမှာထားပါတယ်အရှင်"

"ကျေးဇူးပါယွမ် ကိုယ့်ကိုအစစအရာရာဂရုစိုက်ပေးလို့"

"ဒီတောတွင်းယွမ်ကိုလျစ်လျူရှုမိခဲ့ရင်တောင်းပန်ပါတယ် ယွမ် နောက်အဲ့လိုလုပ်ရပ်မျိုးဖြစ်စေမှာမဟုတ်ဘူး"

ယွမ်ကိုပွေ့ဖက်နှစ်သိမ့်နေတုန်း
အသိပေးလာတဲ့အထိန်းတော်ရဲ့စကားကြောင့် အဆောင်တော်ကိုပြန်လာခဲ့ရတယ်

"အရှင်အဆောင်တော်မှာ မယ့်တော်ကြွလာတာကြောင့် အမြန်ဆုံးပြန်ရပါမယ်အရှင်"

ထွက်သွားတဲ့အရှင့်ရဲ့ကျောပြင်ကြည့်ပြီးကျေနပ်နေသူကရှင်းယွမ်

.
.
."သားတော်ခုထိမိဖုရားအဆောင်​မှာပဲလား"

"ဟုတ်ပါတယ်မယ်မယ် ယွမ်ကနေမကောင်းတာကြောင့်ပါ"

"ဘာပဲဖြစ်ဖြစ်သားတော်ရဲ့လုပ်ရပ်တွေကမှားယွင်းနေတယ်
သားတော်ကိုယ်တိုင်ပဲ​ကြင်ယာတော်
တင်မြှောက်ပွဲကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလေ
ခုသားတော်လုပ်ရပ်ကြောင့် ကြင်ယာတော်လေးဘယ်လောက်အရှက်ရမလဲ"

"သူနဲ့ထိုက်တန်ပါတယ် မယ်မယ်"

"သားတော်!!!!"

"အချိန်တေလွန်မှနောင်တမရချင်ရင်
မင်းရဲ့လုပ်ရပ်တေကိ​ုအမြန်ဆုံးပြင်ဆင်ပါသားတော်
ဝမ်မိဖုရားကို နန်းဆက်အတွက်မို့သာ ဘာမှမပြောတာ
ဝမ်မိဖုရားသတိထားပါသားတော်
မယ်မယ်ရဲ့စကားတွေကိုမပယ်ရှားချင်ပါနဲ့"

"သားတော်မှတ်သားထားပါ့မယ်
မယ်မယ်လည်းအဆောင်ပြန်ပီး အနားယူလိုက်ပါအုံး"

"ကြင်ယာတော်လေးကိုသွားပီးနှစ်သိမ့်ပေးလိုက်အုံး"

"စိတ်ချပါမယ်မယ် သားတော်ကသူ့ဆီသွားဖြစ်အောင်သွားမှာမို့"

ကြင်ယာတော်လေး​ရဲ့အဆောင်မှာလည်း
"သတိပေးထားတဲ့ကြားထဲကမထိသင့်တဲ့အရာကိုလာထိတာမို့
ဒါမင်းအတွက်ပထမဆုံးသင်ခန်းစာပဲ"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Tahanan ng mga kuwento. Tumuklas ngayon