Part 32

9.1K 888 34
                                    

ဖုန်ရန်ရဲ့ရင်တွေအရမ်းပူလောင်နေရပီ ဘယ်လိုမှမစဥ်းစားတတ်တော့တာကြောင့်အမတော်နဲ့တိုင်ပင်ပြန်တော့
အမတော်အကြံပေးသည်က
ရှောင်းလေးကို ခနတော့လက်လွှတ်လိုက်ဖို့ချင်မှာလည်းသူမရှိ​တဲ့အချိန်တေမျာလာတာကြောင့်အမတ်တွေက မငြိမ်မသက်ဖြစ်နေကြောင်း ဦးရီးတော်တစ်ယောက်တည်းမထိန်းချုပ်နိုငိတဲ့အကြောင်း
ဒီအချိန်မှာစစ်ဖြစ်ရင် ချင်နိုင်ငံ ဒုက္ခထဲရောက်သွားနိုင်ကြောင်းအချက်ကျကျရှင်းပြလာတဲ့ အမတော်ရဲ့စကားတွေကိုထည့်မစဥ်းစားလို့မရ
ခက်သည် သူကလည်းရှောင်းလေးကိုလက်မလွှတ်နိုင် နေ့တိုင်းမြင်နေတွေ့နေရတာတောင် လွမ်းနေတတ်သည်ကို ကိုယ်ပဲသိတယ်
လျော့ရဲနေတဲ့နိုင်ငံအခြေအနေနဲ့ ရှောင်းလေးအပေါ်ချစ်တဲ့စိတ်​တို့အကြား ဖုန့်ရန်ဆုံးဖြတ်ချက်ချလိုက်သည်က အကြာကြီးပိုင်ဆိုင်ရဖို့ ခနတော့နောက်ဆုတ်ပေးမယ်ဟူ၍ပင် ရှောင်းလေးနဲ့သူ့ကိုခွဲတဲ့ ဝမ်ဘုရင်ကိုလည်း အခဲမကျေနိုင် အညိုးထားလို့နေခဲ့တယ်

မနက်ဖြန်ချက်ချင်းပဲကလေးငယ်ကိုခေါ်ကာဝမ်နိုင်ငံကိုပြန်ရမယ် ပီးရင်ကလေးငယ်ရဲ့စိတ်ကိုအပိုင်ရဖို့ဘယ်နည်းလမ်းနဲ့မဆိုကြိုးစားမယ်ဟုတွေးကာ ကျေနပ်နေသူက ဝမ်အရှင် ဝမ်ရိပေါ်
ရှင်းချန်နဲ့ ဝမ်နင်ကိုမနက်ဖြန်ပြန်တဲ့အခါလုံခြုံမှုရှိစေဖို့အားလုံးကိုဆောင်ရွက်ခိုင်းထားပီးသား
ကလေးငယ်မပင်ပန်းရလေအောင် အစစ အရာရာ ဂရုတရိုက်စီစဥ်ပေးဖို့လည်းမမေ့လျော့ခဲ့

ရှောင်းကျန့်ကတော့ရှောင်းနိုင်ငံကိုမလိုက်ရလို့ ဝမ်နိုင်ငံကိုသူနဲ့အတူ တစ်ပါတည်းလိုက်ပါဖို့ ပီးမှ ရှောင်းနိုင်ငံကိုပြန်ဖို့ သူ့ရဲ့ကောကောအား ​ချွဲနေခဲ့တယ်

"ကောကောလိုက်ခဲ့နော် သားနဲ့တွေ့တာဘယ်လောက်မှမကြာသေးဘူးလေနော်
ဝမ်မှာအကြာကြီးနေပီးမှပြန်နော်"

သူ့ကိုသူသားဟုသုံးနှုန်း​ကာချွဲနေတဲ့ကလေးလေးရဲ့စကားကို ကိုယ်ကဘယ်လိုလုပ်လွန်ဆန်နိုင်မှာလဲ ရှောင်းမှာဘယ်လောက်အလုပ်များများ ကလေးလေးဆန္ဒရှိမယ်ပျော်မယ်ဆို ဘာမဆိုလုပ်ပေးမှာပဲ
ကိုယ့်အတွက်က ကလေးကိုပိုင်ဆိုင်ရဖို့ထက် ကလေးပျော်ရွှင်ဖို့ကအဓိကမို့

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Wo Geschichten leben. Entdecke jetzt