Part 42

7.9K 793 20
                                    

မနက်စားစားသည်ကိုပင်ဆူပုပ်စွာစားနေသူလေးကိုကြည့်ပြီး ရိပေါ်အသည်းတွေယားနေမိတယ် မစားချင် ဘဲ အတင်းစားနေသူလေး
မစားဘူးလို့လဲ မငြင်းရဲ
အရင်တ​ခေါက်တည်းက လန့်သွားပုံပေါ်တယ်
အလိုလိုက်ပီး မစားချင်လည်းရကြောင်းပြောချင်ပေမယ့် ကျန်းမာရေးကလည်းရှိသေး
ဒီတလောကိစ္စတွေ​ကြောင့်ကလေးငယ်စိတ်ဆင်းရဲပီး အနည်းငယ်ပိန်သွားတာကြောင့်
အစားလေးတော့ ဝင်အောင်ချော့တစ်ခါခြောက်တလှည့်ကျွေးနေရတယ်
ကလေးငယ်ရဲ့ စိတ်​ဒုက္ခရောက်ရတဲ့နေ့ရက်တွေ ကုန်ဆုံးတော့မှာ

"စားလို့မကောင်းဘူးလားကလေး"

စားနေရင်းပင် မျက်စောင်းထိုးလာသူလေးကြောင့် ရိပေါ်အသည်းတွေ ကလိကလိ​ဖြစ်နေရတယ် တစ်ကယ်ပဲ ဘယ်​လိုနေနေချစ်ဖို့ကောင်းတာဆိုလို့ တလောကလုံးမှာ ရှောင်းကျန့်ဆိုတဲ့ သူရဲ့ ကလေးငယ် တစ်ယောက်ပဲရှိတာ

"ဗိုက်အရမ်းပြည့်နေရင် မစားတော့လည်းရတယ် "
သူ့ရဲ့ ခေါင်းလေးပုတ်ကာပြောမျက်လုံးလေးတွေ အရောက်လက်လာပြီးမှ မျက်မှောင်ကြုတ်ကာ ပြန်ပြောလာတာက

"ပြောတော့ စားရင် မထိဘူးဆို
လာမထိနဲ့ လူယုတ်မာကြီးရဲ့"

ဒေါသတကြီးပြောလာတဲ့ ယုန်စိတ်တိုလေးကို ကြည့်ပြီး ရိပေါ်အသည်းတွေယားလာပီ
မထိန်းချုပ်နိငြ်တော့တာမို့လို့ ယုန်လေးရဲ့ပါးဖောင်းဖောင်းလေးတွေကို ဖျစ်ညစ်တော့
ထော်ထွက်လာတဲ့ နှုတ်ခမ်းနီနီရဲရဲလေးကို ရိပေါ်စိတ်ကြိုက်သုံးဆောင်နေမိတယ်
ထုရိုက်နေတဲ့ ယုန်လေးရဲ့လက်တွေကိုလျစ်လျူရှုထားလိုက်တယ်
အနာခံမှ အသာစံရမှာလေ
ကလေးထုတာခံနိုင်မှ ကလေးနနှုတ်ခမ်းရဲရဲလေးကိုစားလို့ရမှာ

"အရှင် ဝမ်နင်နဲ့ ရှင်းချန်ရောက်နေပါတယ်အရှင်"
အရေးအကြောင်းဆို သာသနာဖျက်တွေကဝင်နှောက်ပီ
ဒီမှာနမ်းလို့ ကောင်းနေပါတယ်ဆို
အထိန်းတော်ရန်က အသံဆိုးကြီးနဲ့ဝင်နှောက်ပြီ ရှင်းချန်နဲ့ ဝမ်နင်ကိုလည်းပြန်တော့ဆိုပြီး လွှတ်လိုက်လို့မရဘူး
ခိုင်းထားတာတွေရှိသေးတယ်

"ဝင်ခဲ့"

ဝမ်နင်နဲ့ရှင်းချန်နှစ်ယောက်တည်းတော့မဟုတ်ခဲ့ သမားတော်ပါ ပါလာသည်မို့ နောက်ဆုံးတော့ဝင်ခံလိုက်ပြီထင်တယ်
ဝင်မခံလို့လည်းမရဘူး
အိမ်တော်တစ်ခုလုံးကို သုတ်သင်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်ခိုင်းထားရတာ ​ဘဏ္ဍာငွေစာရင်းကိုလည်း သက်သေတွေ့သွားပြီထင်တယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now