Part 4

14.8K 1.3K 14
                                    

ရိပေါ်စိတ်အရမ်းရှုပ်နေတာမို့အေးအေးဆေးဆေးအနားယူရန် ဥယျာဥ်ထဲကိုလာခဲ့သည့်
ခေါင်းအေးအေးနဲ့​သေချာစဥ်းစားဖို့လိုတာကြောင့်မျက်တောင်လေးမှိတ်ပီးစဥ်းစားနေတုန်း လူသံကြားတာကြောင့် လှည်ပတ်ကြည့်လိုက်တယ်
ဒီဥယျာဥ်မယ်မယ်နဲ့ငါနဲ့ပဲလာလို့ရတာ
မယ်မယ်ကလည်းသူ့​အဆောင်မှာဆိုတော့
ဘယ်သူကအတင့်ရဲပီးဒီဥယျာဥ်ထဲကိုဝင်ရဲရတာလဲ
အသံလာရာကိုလျှောက်ကြည့်လိုက်တော့ပင်စည်နှစ်ခုကြား​ကလုံးလုံးနဲ့ထွက်လာတဲ့ကောင်လေးတစ်ယောက်
ခုထိသူ့ကိုမမြင်ပဲအကျီကိုအမှိုက်တေကိုခါနေပီးအားလုံးပီးမှသူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းကြည်ကြည်လေး
လှရက်လိုက်တာ
ကမ္ဘာပေါ်မှာဒီလောက်လှတဲ့ယောက်ျားလေးခုမှပထမဦးဆုံးတွေ့ဖူးခြင်း
​ပြူးကြောင်ကြောင်လေးကြည့်နေပုံကလည်းချစ်ဖွယ်အတိ
ကြည့်ရင်းကြည့်ရင်းအသည်းယားလာရသည်

ရှောင်းကျန့်ဘယ်သူမှမသိလောက်ဘူးဆိုပီးခိုးဝင်လာကာမှရှေ့တည့်တည့်ကရပ်နေတဲ့လူတစ်ယောက်အရမ်းချောပါသည်
ဒီအချိန်ဒီဥယျာဥ်မှာရှိနေတာဆိုတော့တခြားသူတော့မဖြစ်နိုင်ဘူးဝမ်ဘုရင်ပဲနေမှာ
ပြောစရာရှိတာပြောရမှာပဲ
ခက်ခက်ခဲခဲတွေ့ရတာ

"ဒီဥယျာဥ်ထဲကိုခွင့်ပြုချက်မရှိပဲနဲ့ဝင်လာခဲ့လို့ခွင့်လွှတ်ပေးပါအရှင်
ကျွန်တော်ကရှောင်နိုင်ငံကကြင်ယာတော်​အဖြစ်ရောက်လာတဲ့ရှောင်းကျန့်ပါ
ကျွန်တော်အရှင့်ကိုအရေးကြီးပြောစရာရှိလို့ပါ"

သူ့ရှေ့ကကောင်လေးကိုအသည်းယားစွာကြည့်နေတုန်းပြောလာတဲ့စကားကြောင့်အံသြရပြန်သည် ဒီဖြူဖြူသေးသေးလေးကောင်လေးကို ဘာအပစ်မှမရှိဘဲနဲ့ သတ်ပစ်ဖို့ကြံစည်ဖူးသည်လေ
ခုတော့ကောင်လေးကိုဘယ်လိုနည်းနဲ့မှမသတ်နိုင်တာသေချာသွားပီလေ
ခုနလေးတင်ရှုပ်ထွေးနေ​တဲ့စိတ်ဟာ
ကောင်လေးဆီကကြာပန်းနံသင်းသင်းလေးကြောင့်ကြည်လင်သွားရသည်
သူကတော့ရိုးရိုးပဲစကားပြောလိုက်တာဆိုပေမယ့်
သူ့ရဲသဘာဝတိုင်းရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးကြောင့်စိတ်အစုံဟာလှုပ်ရှားသွားရသည်
ရှင်းယွမ်ကိုဘယ်လောက်ပဲစွဲလမ်းတယ်မြတ်နိုးတယ်ပြောပြောရှင်းယွမ်နဲ့ပတ်သက်ပီးဒီလိုတစ်ခါမှမခံစားဖူးတာအမှန်
ဘယ်လိုပဲဖြစ်ဖြစ်ကောင်လေးကိုစိတ်ချမ်းသာစေချင်တယ်ကောင်လေးသဘောကျ​ဖြစ်​​ေစချင်တာကြောင့်ကောင်လေးပြောသမျှကို
ပြုံးပြုံးလေးနားထောင်ပေးရမယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now