Part 24

9.4K 902 22
                                    

"အထိန်းတော်ရန် ရှင်းချန်နဲ့ဝမ်နင်ကို
နန်းတွင်းကိုချက်ချင်းပြန်လာဖို့ပြောလိုက်"

"ဟုတ်ကဲ့ပါအရှင်"

"ပြီးရင် ကြိမ်ဒဏ်အချက်တစ်ရာ
ပြစ်ဒဏ်ခံယူလိုက်"

"သက်ညှာပေးတဲ့အတွက်ကျေးဇူးပါအရှင်"

အထိန်းတော်ရန်ကသူ့​အပေါ်ကောင်းတဲ့သူမှန်းရိပေါ်သိပါတယ် ဒါပေမယ့်အပစ်ကအပစ်ပဲလေ လျစ်လျူရှုထားလို့မရဘူး

" အရှင် နောက် ၇ရက်နေရင် ချင်နိုင်ငံမှာ
သိုင်းပညာဖလှယ်ပွဲရှိပါတယ်အရှင်"

"ကံကြမ္မာက ကိုယ့်ဘက်မှာပဲ"
ပြုံးကာပြောတဲ့အရှင်က အကြံတစ်ခုခုရသွားတာဖြစ်ပါလိမ့်မည်

ကိုယ်ရံတော် ရှင်းချန်နဲ့ဝမ်နင်ကိုစောင့်လို့နောက်ရက်မှာပဲအရှင်ဟာ
ချင်နိုင်ငံကို ခရီးနှင်ခဲ့ကြတယ်
အထိန်းတော်ရန်ကတော့အရှင်ပေးတဲ့အပြစ်ဒဏ်ကိုခံယူလို့ အရှင်နဲ့အတူလိုက်ပါမသွားနိုင်ခဲ့ဘူး

ဖုန့်ရန်လည်းအမတော်ရဲ့စကားကိုနားထောင်ပြီး ရှောင်းလေးကို ဧကရီ တင်မြှောက်ဖို့
သိုင်းပညာဖလှယ်ပွဲပီးမှ ကျင်းပဖို့ စဥ်းစားထားတယ်
သိုင်းပညာဖလှယ်ပွဲကနိုင်ငံအချင်းချင်းချစ်ကြည်ရေးအတွက် ၅နှစ်တစ်ကြိမ်ကျင်းပတဲ့ပွဲ ဘုရင်တွေနဲ့ ကိုယ်ရံတော်တွေရဲ့ လက်ရုံးရည်ယှဥ်ပြိုင်တဲ့ပွဲ
အရင်တစ်ခေါက်ကပွဲမှာ ချင်နိုင်ငံရဲ့ နိုင်ငံရေးအ​ရှုပ်အရှင်းတွေကြောင့်ဖုန့်ရန်မတက်ရောက်နိုင်ခဲ့လို့ ဒီတစ်ခါ ချင်နိုင်ငံမှာကျင်းပပေးမယ့်အကြောင်းကတိထားခဲ့တာ
နောက်ဆုတ်ဖို့မဖြစ်နိုင်
ရှောင်းလေးကိုလည်းအလျင်စလိုလက်မထပ်ချင် ရှောင်းလေးလန့်သွားမှာစိုးလို့ ​
​သိုင်းပညာဖလှယ်ပွဲပီးမှဆိုလဲနောက်မကျလောက်ဘူးမလား

​ရှောင်းကျန့်မျမ်မျမ်ယူလာပေးတဲ့သတင်းတွေကြောင့်ထခုန်မတက်ပျော်နေပီ
နောက်၇ရက်နေရင် ဒီမှာသိုင်းပြိုင်ပွဲကျင်းပမှာတဲ့လေ နိုင်ငံတိ​ုင်းက ဘုရင်တွေရောကိုယ်ရံတော်တွေရောပါမှာတဲ့
ဒါဆို ငါ့crushကြီးကိုတွေ့ရတော့မှာပေါ့
အခါသင့်မယ်ဆိုရှောင်းနိုင်ငံကိုလိုက်သွားလို့ရလောက်မလားပဲ
ချင်နိုင်ငံမှာနေရတာကိုယ့်စိတ်တိုင်းကျ ကိုယ့်သဘောအတိုင်းနေရတာ ပျော်ပေမယ့်
အကိုဖုန့်ရန်ကိုတော့အားနာတယ်
သူကကိုယ့်ကိုအရမ်းလည်းဂရုစိုက်ပေးပီး
သူသဘောကျကြောင်းပြောတိုင်း
စကားလမ်းကြောင်းလွှဲရတာမောလှပီ
တိုက်ရိုက်ကြီးတော့မငြင်းရဲ သူကဘုရင်မလား ဘာမဆိုလုပ်ပစ်နိုင်တယ်လေ
အတင်းအကြပ်ကြီးယူမယ်ဆိုဒုက္ခ
ဝမ်နိုင်ငံမှာလိုမျမ်မျမ်ကအနားမှာမရှိပေးနိုင်
တနေ့လုံး အမတော်ဖေးရီကအကြောင်းပြချက်မျိုးစုံနဲ့ခေါ်ထားတတ်သည်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now